-Unicode-
"တီ တီ တီ တီ"
Alarm သံက အဆက်မပြတ်ထွက်ပေါ်နေသော်လလည်းသူမထချင်သေး။
ညကညဉ့်နက်တဲ့အထိ လိုင်းသုံးနေခဲ့တော့အိပ်ရေးကမဝဖြစ်နေသည်။Alarm ကလည်း သူမပိတ်မချင်းအဆက်မပြတ်မြည်နေဆဲ။ခြေရင်းက ဖုန်းကို သူအိပ်ချင်မူးတူးနဲ့လိုက်ရှာရသည်။ဖုန်းရဲ့ alarm ကိုပိတ်ဖို့ နာရီကိုကြည့်မိတော့၈:၃၀။
အိပ်ချင်မူးတူးဖြစ်နေတဲ့သူမျက်လုံးများပြူးသွားရသည်။
"သွားပြီ "
သူထိတ်လန့်တကြားအော်လိုက်မိသည်။
Tuto ချိန်က ၉:၄၀ မို့ မျက်နှာအမြန်သစ်၊အဝတ်အစားလဲပြီးအိမ်ရှေ့ကိုထွက်လိုက်သည်။ အချိန်ကား ၈:၄၅ဖြစ်နေချေပြီ။
စီးနေကြ bus ကိုမှတ်တိုင်မှာ တော်တော်ကြာကြာစောင့်လိုက်ရသည်။
ကျောင်းထဲရောက်တော့ ၉:၅၅ ဖြစ်နေပြီမို့
Busပေါ်က ဆင်းတာနဲ့ သမိုင်းဌာနကို အပြေးအလွှားသွားရသည်။Paper 1 ဆရာမက နောက်ကျရင်ပြောတတ်သည်လေ။သူအပြေးအလွှားစာသင်ခန်းရှိရာကိုသွားနေမိသည်။အခန်းဝရောက်တော့ အနောက်ဖက်တံခါးကပိတ်နှင့်နေပြီးသား။
ပြတင်းပေါက်ကနေ အထဲကို ချောင်းကြည့်တော့ သူ့သူငယ်ချင်းအုပ်စုကတော့ အသီးသီးစာအုပ်အောက်ချပြီးအပြိုင်ကူးနေကြသည်။
" ငါ့ကိုတောင်မစောင့်ကြဘူး၊ကျက်သတုံးတွေ"
စိတ်ထဲကနေမသိမသာလေးလည်း မေတ္တာပို့လိုက်သည်။
ဆရာမဆီကို အခန်းအရှေ့ပေါက်က ခပ်တည်တည်ဝင်သွားတော့ ဆရာမက သူ့ကိုမျက်စောင်းထိုးပြီး
" ညီမင်းဈာန်ပေါ်လာသေးတယ်နော်.....ဘယ်အချိန်ရှိနေပြီလဲ "
" ၁၀ နာရီပါ ဆရာမ "
" Tuto က ဘယ်အချိန်စတာလဲ ?"
P1 ဆရာမကိုတော့သူသိပ်မကြောက်ပါ။ အနည်းငယ်ဆူတတ်တာကလွဲရင် တပည့်တွေအပေါ်အရမ်းချစ်တဲ့ဆရာမ။ဒါကြောင့်မို့လည်းဆရာမအချိန်တွေဆို သူနောက်ကျနေကြဖြစ်သည်လေ။
" ဟီး ၉:၄၀ ပါချယ်။ဟိုလေပြီးတော့ ကျောင်းမုခ်ဝမှာ ကားတွေရှယ်ပိတ်နေတာ။ ဒါတောင်သားအပြေးလာရတာပါ။အဲ့ဒါမို့ပါ ချယ်ရယ်နော်။
နောက်မဖြစ်စေရဘူး "
ESTÁS LEYENDO
Dreamer 🦋 ( U+Z )( Completed )