1

5.8K 165 6
                                    

ရာဇဝင်ထဲက အချစ် ..

" လုံးစုံများစွာ သတ္တဝါချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါ
စေ။

အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါ
စေ။

ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ "

🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿

နားထဲသို့ ချိုအေးကြည်လင်စွာ ဝင်ရောက်လာသော မေတ္တာပို့သံကြောင့် ကျောင်းဝန်းအတွင်းရှိ သရက်ပင်ရိပ်အောက်တွင် စင်္ကြံလျှောက်ကာ တရားမှတ်နေသည့် အရှင်ဓမ္မသာရ တစ်ပါး ပြုံးလိုက်မိသည် ။ မိမိကို အသက်နှင့်ထပ်တူချစ်သကဲ့သို့ ရဟန်းမဝတ်သော်လည်း မိမိဆန္ဒအတိုင်း မိမိသီတင်းသုံးရာ တောရကျောင်း၌ တရားလာရောက်လေ့ကျင့်နေသော တစ်ချိန်ကချစ်သူဖြစ်ခဲ့ဖူးသူ စဝ်ဒီပါ့အသံက အရှင်ဓမ္မသာရ၏ စိတ်အစဉ်ကို အေးချမ်းစေသည် ။

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Where stories live. Discover now