ခြံရံလေးနဲ့ မင်ယံအိမ်ပြန်ရောက်လာတော့
"သခင်လေး သခင်ကြီးပြန်ရောက်နေရင်
ဘယ်လိုလုပ်မလဲ""မင်းယံရယ် ဒီချိန်ဖေဖေ ပြန်ရောက်နေကျအချိန်မဟုတ်ပါဘူး
စက်ဘီးအရင်သွားထားလိုက်
ပြီးရင် ငါ့အခန်းထဲလိုက်ခဲ့လိုက် စာသင်ပေးမယ်""ဒါဆို ကျနော်ဂိုထောင်ထဲစက်ဘီးသွားထားအုံးမယ်"
မင်းယံ နောက်လှည့်သွားတော့မှ
"မင်းယံ!!
မင်းယံလှည့်ကြည့်တော့ ခြံရံလေးမှာပြုံးကာ
" ငါဒီနေ့ အရမ်းပျော်တယ်သိလား"
မင်းယံပြန်ပြုံးပြလိုက်ပြီး
ခြံရံလေးအိမ်ထဲဝင်လာခဲ့သည်။"မင်းမြတ်ခြံရံ!!!
"ဖေဖေ…ဘာလို့  ဒီအချိန်ကြီး…ပြန် ပြန်ရောက်နေတာလဲ"
"မင်းငါမရှိတုန်း ဒီလိုနေ့ တိုင်းသွားနေတာလား"
"မဟုတ်ဘူး ဖေဖေ မဟုတ်ဘူး
သား ဒီနေ့ မှသွား…""တိတ်စမ်း! ဆင်ခြေတွေငါမကြားချင်ဘူး
မင်းကို ထပ်ပြန်ပေးဆွဲသွားကြရင် ဘယ်လိုလုပ်မလဲ""ငါ့အားနည်းချက်က မင်းကွ! အဲဒါမင်းမှတ်ထား!
မင်းကိုပြန်ပေးဆွဲရင် ငါဆီကလိုတာရကြမှာဆိုပြီး
မင်းကိုကျားချောင်းချောင်းနေကြတာ
ဒါကြောင့် ငါကမင်းကိုအပြင်မထွက်ခိုင်းတာကို
မင်းက…ငါ့စကားကိုနားမထောင်တာလား"ခြံရံလေး ဒူးထောက်လိုက်ပြီး
"ဖေဖေ သားတောင်းပန်ပါတယ်နော်""မင်းကို ဘယ်သူကဒူးထောက်ခိုင်းလဲ!
မင်းဘယ်သူ့ ရှေ့ မှာမှဒူးထောက်စရာမလိုဘူး
သုတ်စမ်း အဲမျက်ရည်တွေ မင်းယောကျာ်းမဟုတ်ဘူးလား
ပျော့ညံ့လိုက်တာ မင်းကိုငါ့ထက်တော်စေချင်တာ
အခုတော့…ဟာကွာ ခွမ်း!!စားပွဲပေါ်က ပန်းအိုးကျကွဲသွားပြီး
မင်းမြတ်ခါးပတ်ကိုဖြုတ်လိုက်ကာ ခြံရံလေးကိုရိုက်မယ်ရွယ်တော့
"သခင်ကြီး!! သခင်လေးမှာအပြစ်မရှိပါဘူး
ကျနော်ခေါ်သွားမိတာပါ အပြစ်ရှိတာ ကျနော်ပါ
ကျနော့်ကိုဘဲအပြစ်ပေးပါ"

ВЫ ЧИТАЕТЕ
အိုအေစစ်(Complete)
Любовные романы( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ် မင်းမြတ်ခြံရံ" စီးချင်း "ကိုယ့်ရဲ့ အမှားတွေ ကိုယ့်အဖေရဲ...