အပိုင်း၄၂(Z+U)

2.3K 289 18
                                    

Zawgyi

"ဟာ မင်းရွာက မရောက်သေးဘူးလား
ပင်ပန်းလိုက်တာလဲ သေတော့မယ်"

"ရောက်တော့မှာပါကွာ"

"မင်းရောက်တော့မယ်ပြောတာ
နေ့ လည်လောက်ထဲက ဗိုက်တွေလဲဆာလှပြီ"

"ဆိုင်တွေ့ ရင် ငါဝယ်ကျွေးပါ့မယ်"

"ဘောကိုဆိုင်တွေ့  ဒီလောက်နေပူပူကြီးထဲ
လူတောင်မတွေ့ တာ ဘယ်ကဆိုင်ကရှိမှာလဲ"

"လဒကောင် သေချာမသိဘဲ
မင်းမယားမင်းရကို တွေ့ ချင်ဇောနဲ့ ထလာပြီ"

စီးချင်းက

"ရှားထက် ဖုန်းဆက်ကြည့် "

"ဖုန်းတိုင်မရှိဘူး"

"ဘယ်လိုလဲကွာ ဖုန်းတိုင်တောင်မရှိဘူး
ငါတော့ ဟိမဝန္တာတောထဲများရောက်နေသလား"

စီးချင်းက
"မင်းပြောတဲ့ ဟိမဝန္တာတောဆိုရင်တောင်
သောက်စရာရေရှိအုံးမယ်"

"ဟုတ်ပါပြီ ငါမှားပါတယ် ထက်မြက်ရယ်
မောရတဲ့ကြားထဲမင်းရဲ့ ပွစိပွစိပါးစပ်ကြီးကို
ခဏလောက်ပိတ်ထားပေးပါလား"

"ကိုစိုးထွန်းကိုအားနာပါအုံး
ငါတို့ ခေါ်လို့ သာလိုက်ခဲ့ရတယ်
တချက်အပြစ်မပြောဘူး"

"မင်းသာ မိန်းမကြီးလို"

"ခွေးကောင် ငါမင်းနဲ့ ပြိုင်မငြင်းနိုင်ဘူး"

ထက်မြက်က စိုးထွန်းကို

"စီနီယာ ရေနည်းနည်းလောက်ရှိသေးလား"

"အစောက မင်းယူသောက်တာအကုန်ဘဲ"

စီးချင်းက

"ငါလှည်းကြုံသွားရှာပေးမယ်
ဒီမှာခဏစောင့်ကြ"

ထိုစဉ်

"ဗျို့  ဘကြီးလှည်းကြုံလိုက်လို့ ရလား"

"လူလေးတို့ က ဘယ်ကတုံးကွဲ့ "

"ကျနော်တို့ က မြို့ကပါ
ရွာကသူငယ်ချင်းဆီ အလည်လာတာ
အဲဒါ ဆက်မလျှောက်နိုင်တော့လို့ 
အင်းတောရွာကို လှည်းကြုံလိုက်လို့ ရလား"

"ရတယ် ရတယ် အဘလဲအဲပြန်မှာ
လူလေးတို့  တက်ကြ"

"တော်သေးတာပေါ့ အဘနဲ့ တွေ့ လို့ 
လှည်းကြုံကလဲ ရှားလိုက်တာနော်"

အိုအေစစ်(Complete)Where stories live. Discover now