အပိုင်း၃၇(Z+U)

2.3K 269 16
                                    

Zawgyi

နာရီတကြည့်ကြည့်နဲ့ ပါးပြင်ပေါ် မျက်ရည်ပိုးပိုးပေါက်ပေါက်
ကျလာတဲ့သူတယောက်

နာရီကိုကြည့်တော့
၉နာရီထိုးဖို့ ၅မိနစ်ဘဲလိုတော့တယ်

"မင်းယံ ရှင်မလာဘူးနော်"

တအိအိနဲ့ ငိုနေတဲ့စွဲညို့ 

ဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်တဲ့

*အကြိမ်ကြိမ် အငြင်းခံရတဲ့
နှလုံးသားတစုံ အခုရှင်အပေါ်ထားတဲ့
နောက်ဆုံးမျှော်လင့်ချက်လေးပါပျက်စီးသွားပြီ
နာကျင်လိုက်တာ မင်းယံရယ်      
ရှင်သိပ်ရက်စက်တာဘဲ*

"စွဲညို့  သမီးသွားတော့လေ"

"ဟုတ်ကဲ့ လေးလေး"

အထုပ်လေးဆွဲကာ မင်းယံများလာလေမလား
လှည့်ကြည့်လှည့်ကြည့်နဲ့ 

*မင်းယံ ရှင့်ကိုစွဲညို့ မပြောဖြစ်ခဲ့တဲ့
အကြောင်းအရာတခုက
အခုစွဲညို့ ပြန်သွားပြီးရင် ရှင်နဲ့ စွဲညို့ 
ဘယ်တော့မှမနီးကြတော့ဘူးဆိုတာပါဘဲ

ဟုတ်တယ် စွဲညို့ ကိုအိမ်ကလူကြီးတွေ
လက်ထပ်ပေးဖို့ စီစဉ်နေကြတယ်
ရှင့်လက်ကိုဆွဲပြီး ဒါစွဲညို့ ချစ်သူပါဆိုပြီး
အားလုံးကိုငြင်းဆိုမယ် ဆုံးဖြတ်ထားတာ
စွဲညို့ ရဲ့ အရာအားလုံးကို ရှင်နဲ့ လဲပစ်မှာ
ရှင့်ကိုစွဲညို့ ဒီလောက်ချစ်ခဲ့တာကို
ရှင်ကတော့ ရှင်ကတော့……

အစထဲက စွဲညို့ ကိုမချစ်နိုင်ရင်
ဘာလို့ များ နွေးထွေးမှုတွေ မေတ္တာတွေပေးခဲ့သေးလဲ ရှင်ရယ်

ရှင်ဘယ်လိုဘဲငြင်းငြင်း ရှင်မျက်ဝန်းထဲမှာ
စွဲညို့ ကို ချစ်တယ်ဆိုတာ ရှင်မပြောလဲ
စွဲညို့ နားလည်နေခဲ့တယ်
ဘာလို့ သတ္တိမရှိတာလဲ ရှင်ရဲ့ရွေးချယ်မှုက
ဘာလို့  စွဲညို့ မဖြစ်ရတာလဲ*

*ချစ်တိုင်းလဲမညားဆိုတဲ့စကားအတိုင်း
ထာဝရ ဝေးကြပြီးပေါ့ မင်းယံရယ်*

လေဟုန်ခွင်းပြီး ပျံတက်သွားတဲ့လေယာဉ်ပေါ်မှာ
ငိုကြွေးနေတဲ့ကောင်မလေးတယောက်ရှိလေတယ်

တဖက်ကအချုပ်ခန်းထဲမှာလဲ
'တောင်းပန်ပါတယ်' ဆိုတဲ့စကားကို အကြိမ်ကြိမ်ရေရွတ်ကာငိုကြွေးနေတဲ့
ကောင်လေးတယောက်လဲရှိလေသည်။

……………………………………

အိုအေစစ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin