အပိုင်း၃(Zawgyi)

2K 148 0
                                    

ခြံရံလေးကြောင်နဲ့ ဆော့နေတုန်း
ကြောင်လေးမှာ မြေအောက်ခန်းထဲ ထွက်ပြေးသွားတာကြောင့် ကြောင်နောက်လိုက်ရင်း
လူသံကြားတာကြောင့်စည်ပိုင်းနောက်မှာ
ပုန်းနေလေသည်။

"တောင်း တောင်းပန်ပါတယ် သခင်ကြီးရယ်
ကျနော်မှားသွားပါတယ် အသက်ကိုချမ်းသာပေးပါ"

"မင်းလား ငါ့ကိုသစ္စာဖောက်ရဲတာ သစ္စာဖောက်တဲ့ကောင် သေပေတော့"

"ဒိုင်း! ဒိုင်း! ဒိုင်း!!!
ဆက်ငင်ဆက်ငင်ဖြစ်နေတဲ့လူကို မသေမချင်းပစ်သတ်လိုက်တော့

"အမေ့"

သွေးတွေထဲ ဆက်ငင်ဆက်ငင်သေသွားတဲ့လူကို
ချောင်းကြည့်နေရင်း ကြောက်တာကြောင့်
ခြံရံလေး အသံထွက်မိသွားလေသည်။

"မင်းမြတ်ခြံရံ ထွက်လာခဲ့စမ်း
မင်းကို ဒီမလာပါနဲ့လို့
ငါပြောထားတယ်မဟုတ်လား
မင်းက ငါ့စကားကိုအလေးမထားတာလား"

"ဟို အဖေ သားလေ ဟို…"

"မောင်ညို "

"ဟုတ်ကဲ့ သခင်ကြီး"

"ငါ့သားဆိုပင်မဲ့ ငါ့စကားနားမထောင်ရင်
အားလုံးတန်းတူဘဲ အဲကောင်ကိုတိုက်ပိတ်လိုက်"

"အကိုလေး!!!

"ဦးစိန်  ဒီကောင့်ကို အမိန့် နာခံတက်အောင်
ကျနော်က သင်ပြပေးနေတာ ဝင်မပြောပါနဲ့"

ကလေးမှာ မျက်ရည်ဝိုင်းပြီ ဦးစိန်ကို
အားကိုးတကြီးကြည့်နေတော့
"ဒါပင်မဲ့ ခြံရံလေးက နေကောင်းခါစ……"

"ဦးစိန်!!!

"ဟုတ်ကဲ့ အကိုလေး"

"မောင်ညို  ခေါ်သွားတော့"

"ဖေဖေ ဖေဖေ………"

"ဂျိမ်း!!!
အလင်းပေါက်လေးတပေါက်တောင်မရှိ
မှောင်မဲနေတဲ့ အခန်းထဲတံခါးပိတ်လိုက်တော့

"ဖေဖေ မှောင်မှောင်မဲမဲကြီး သားကြောက်တယ်
ဖေဖေ သားမှားပါတယ် နောက်မလုပ်တော့ပါဘူး"

"နောက်ဆို ဖေဖေ့စကားနားထောင်ပါ့မယ်"

"ငီးငီး……ဖေဖေ"

4နာရီခန့် ကြာပြီးနောက်

"အကိုလေး သားလေးကို
တိုက်ပိတ်ထားတာကြာနေပြီလေ"

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora