"ကိုကို ဘာဖြစ်လို့ လဲဟင်"
"ညီညီ မင်းနဲ့ အဲကောင် ဘယ်လိုပတ်သတ်လဲ"
"ကိုကို ဒေါက်တာကလေ သိပ်ကိုဖြူစင်တာ
ဒုက္ခရောက်တဲ့လူတိုင်းကိုကူညီပေးတယ်""သွားစမ်းပါ ဟန်ဆောင်မျက်နှာဖုံးတွေ'"
"မဖြစ်နိုင်တာ ကိုကိုက
ဒေါက်တာအကြောင်းသိလို့ လား""သိရုံတင်ဘယ်ကမလဲ သိလွန်းလို့ ခက်နေတာ"
"ဒါဆိုရင်တော့ ကိုကိုသိတာမှားနေတာဘဲဖြစ်မှာ ဒေါက်တာက ကျနော်တွေ့ ဖူးသမျှလူတွေထဲမှာ
စိတ်ထားအကောင်းဆုံးဘဲ""ဟက် ဟုတ်လား"
"သူ့ အဖေက မင်းကျောက်မျက်ရတနာ
companyပိုင်ရှင် ဦးမင်းမြတ်ဘဲ""အဲcompanyက ဘာတွေလုပ်လဲကော
မင်းသိချင်သေးလား""အဲcompanyကိုဘန်းပြပြီ
နိုင်ငံပိုင်ရတနာတွေကိုပြင်ပကို တရားမဝင်ခိုးထုတ်နေတာ
ဘိန်းဖြူမှောင်ခိုလုပ်တာကွ!!!"ကိုကို အဲဒါဒေါက်တာအဖေလုပ်တာလေ
ဒေါက်တာနဲ့မှမဆိုင်ဘဲ"ဒီလောက်ပြောနေတာတောင်
ညီညီက ဟိုကောင်ကိုကာကွယ်နေတုံး"အေ ဒါဆို ငါဆိုင်တာဘဲပြောမယ်
မင်းအဖေ ငါ့အဖေသေခဲ့ရတာ
ဘယ်သူ့ ကြောင့်လို့ မင်းထင်လဲ
ငါတို့ မိသားစုတွေ ဒုက္ခပင်လယ်ဝေအောင်
လုပ်ခဲ့တာ ငါတို့ အဖေတွေသေခဲ့ရတာ
အဲ့ ဆရာဝန်ရဲ့ အဖေ ဦးမင်းမြတ်ကြောင့်ဘဲ
သူ့ သားအသက်ကိုသာ ရအောင်ကယ်ပြီး
ကျန်တဲ့လူတွေဘာဖြစ်ဖြစ် ပစ်ထားခဲ့တာ
ငါတို့ အဖေတွေ မြေပြိုရေမွှန်းပြီး
အသေဆိုးနဲ့ သေခဲ့ရတာ
အဲလူကြောင့်ကွ မင်းနားလည်လား!!!"သူတို့ ကသာ ချမ်းသာပြီးရင်း ချမ်းသာနေတာ
အသက်ပေးခဲ့လူတွေအတွက်
မဖြစ်စလောက်နစ်နာကြေးလေးနဲ့ ကျေနပ်ရမှာလား
ငါကိုယ်တိုင် ကြိုးစင်တင်ပေးရမှကျေနပ်နိုင်မယ်""ပြီးတော့ မင်းအကိုစစ်ရေး သေရတာကကော
ထင်သလောက်ရိုးရှင်းတယ်လို့ မင်ထင်နေလား""ငါမှာတော့ ငါ့မှာတော့
ငါတို့ အဖေတွေအတွက်
မင်းအကိုကြောင့် အခုထိသူ့ ကိုယ့်သူ
အပြစ်မကင်းနိုင်တဲ့ ငါ့အကိုအတွက်
မင်းအကိုမသေသင့်ဘဲ သေခဲ့ရတာအတွက်
ဒီအမှုကို နေ့ မအိပ်ညမအိပ် ကြိုးစားပြီး
လိုက်လုပ်ခဲ့ရတာ မင်းကတော့ မင်းကတော့
လူယုတ်မာရဲ့ သွေးနဲ့ ပတ်သက်ပြီး
ကာတောင်ကာကွယ်ပေးနေသေးတယ် "

YOU ARE READING
အိုအေစစ်(Complete)
Romance( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ် မင်းမြတ်ခြံရံ" စီးချင်း "ကိုယ့်ရဲ့ အမှားတွေ ကိုယ့်အဖေရဲ...