အပိုင်း၂၀(Zawgyi)

1.1K 111 3
                                    

၂လခန့် ကြာပြီနောက်

ထုံးစံအတိုင်း ခြံရံဆေးခန်းသွားလိုက်
အိမ်မှာနေလိုက်နဲ့ ပါဘဲ
စိတ်မပါပင်မဲ့ ကိုယ့်ကိုစောင့်နေတဲ့
လူနာတွေကလဲ ရှိသေးတယ်လေ
ကောင်လေးကို သတိရလားဆိုတော့
သတိရတယ် တွေ့ ချင်တယ်
ဒါပင်မဲ့ ကောင်လေးက သူ့ ကို ခါးခါးသီးသီးမုန်းနေတာမို့ လို့ 
သတိရတဲ့စိတ်တွေကို ရင်ထဲမှာသာမျိုသိပ်ထားလိုက်ရတယ်

နေ့ လည်ထမင်းစားနားတော့

"Hello သခင်လေး မင်းယံပါ"

"ပြောလေ ဘာဖြစ်လို့ လဲ"

"ကျနော်အလုပ်ကိစ္စပေါ်လာလို့ 
ညနေ ဆေးခန်းအပြန်
ကျနော်လာကြိုနိုင်မှာမဟုတ်ဘူး
အဲဒါ ဦးစိန်ကိုလွှတ်လိုက်မယ်လေ"

"ရတယ် ငါဘာသာပြန်လာလိုက်မယ်"

"ဦးစိန်က အသက်ကြီးနေပြီ
သူ့ မှာဖေဖေခိုင်းတာလုပ်ရ
အိမ်ကအလုပ်တွေလုပ်ရနဲ့ 
ပင်ပန်းလှပါပြီ"

"ဒါပင်မဲ့ ကျနော်စိတ်မချ……"

"မင်းယံ ငါကလေးမဟုတ်တော့ဘူး
စိတ်မပူနဲ့ "

"ဟုတ်ကဲ့"

"သခင်ကြီးလဲ ကျနော်နဲ့ အတူသွားမှာမို့ လို့ 
ညနေကျနော်တို့ ကိုမစောင့်ဘဲ
ထမင်းစားနှင့်လိုက်ပါ မစားဘဲမနေပါနဲ့ 
စားဖြစ်အောင်စားပါ
ကျနော် အန်တီကြည်ကို သခင်လေး
ကြိုက်တာချက်ပေးဖို့  ပြောခဲ့ပြီးပြီ"

"အေးပါ ငါစားလိုက်ပါ့မယ်"

"ဒါဘဲမဟုတ်လား ဖုန်းချလိုက်တော့မယ်"

ဖုန်းချပြီးတော့
"ဖေဖေတောင် သူ့ လောက်ငါ့ကိုဆရာမလုပ်ဘူး"

"ဆရာလေး ဧည့်သည်"

"ဟူး အလုပ်တွေကများလိုက်တာ
ထမင်းစားချိန်တောင် မအားပါလားနော်"

"တခုတော့ ကောင်းတာပေါ့
ကောင်လေးကို မလွမ်းမိတော့ဘူးပေါ့"

"အေ ဝင်လာခိုင်းလိုက်လေ"

ဝင်လာတဲ့သူကြောင့် ခြံရံအံ့အားသင့်သွားလေသည်။

"စမ်း စမ်းရေ ဘာကိစ္စလဲ
နေမကောင်းလို့ လား"

"ငါမင်းကိုပြောစရာရှိလို့ "

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora