Zawgyi
"ကိုကို ကျနော်ပိုးသွားရမလား"
အပြစ်ရှိတဲ့ကလေးသဖွယ်
ပကဓိ အရိုးခံဖြူစင်တဲ့မျက်နှာလေးကောင်လေးဆီက တခါမှသူမရခဲ့ဖူးလေသော~~
အချစ်ရီရွှန်းတဲ့မျက်ဝန်း~~
ကိုကိုဆိုတဲ့ မြတ်နိုးခြင်းအပြည့်နဲ့ 
ချိုသာတဲ့ ခေါ်သံလေး~~~
ခြံရံ နှလုံးသားထဲထိ စီးစိမ့်ဝင်သွားလေသည်။
ထိုခေါ်သံလေးက ခြံရံရဲ့ 
နာကျင်မှုကိုပါ ယူပစ်သလိုခြံရံ ရှက်တာကြောင့်
"ရ…ရပါတယ် ကိုကိုဘာသာထကြည့်မယ်"ခြံရံကြိုးစားထပင်မဲ့
"အာ့ အ"
နောက်ဘက်က စူးဝါးလှတဲ့နာကျင်မှုကြောင့်
ခြံရံ ပြန်လဲသွားသည်။"ကိုကို အရမ်းနာနေလား"
စီးချင်း မျက်ရည်များဝဲလာကာ
"ကျနော့်ကြောင့်ပါ ကျနော်မကောင်းလို့ 
ကိုကို အခုလိုဖြစ်ရတာ""ဟို…ကောင်လေး…"
ကောင်လေးကအရည်ရွှန်းလဲ့နေတဲ့
မျက်ဝန်းတွေနဲ့ ကြည့်တော့
ခြံရံ ခန္ဓာကိုယ်တခုလုံး တောင့်တင်းသွားလေသည်။"ကိုကို ဒီမှာ ခဏနေအုံးနော်"
ခြံရံတွေးတယ်
ခက်ထန်မာကြောတဲ့ ကောင်လေးက
အခုတော့ အရမ်းအငိုလွယ်နေပါလား
အရင်ကပြုံးဖို့ ခဲယဉ်းတဲ့ကောင်လေးက
အခုတော့ သူ့ အပေါ်ချိုသာခြင်းအပြည့်နဲ့ 
ကောင်လေးရဲ့  အပြုအမူလေးတွေကအစ
ကလေးဆန်သွားလေပြီကောင်လေးက ပန်းပင်ပေါ်က
သူ့ အပေါ်အကျီကိုကောက်ယူလိုက်ကာ
ရေတွင်းကိုပြေး အကျီကိုရေစွက်လိုက်ပြီး"တော်သေးတာပေါ့ ကိုကိုပန်းခင်းမှာရေတွင်းရှိလို့ "
ကောင်လေးက ရေစိုဝတ်နဲ့ 
သူ့ ကိုသုတ်ပေးမယ်လုပ်တော့ခြံရံက ပေါင်ကိုစေ့ထားသည်။
"ကိုကို အခုထိရှက်နေတုံးဘဲလား
ဒါမှမဟုတ်"ခြံရံ ရှက်လွန်းလို့  ခေါင်းငုံ့ ထားတော့
"ကျနော့်ကိုကို့ ကိုထိတာ
မကြိုက်လို့ လားဟင်"
YOU ARE READING
အိုအေစစ်(Complete)
Romance( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ် မင်းမြတ်ခြံရံ" စီးချင်း "ကိုယ့်ရဲ့ အမှားတွေ ကိုယ့်အဖေရဲ...