အပိုင်း၃၆(Z+U)

2.3K 255 18
                                    

Zawgyi

"မင်းယံ!!! မင်းယံ"

"သူ သူ ဘယ်လိုလို့ ဒီအခန်းထဲရောက်လာတာလဲ
ငါလှေကားအောက်မှာတချိန်လုံးစောင့်နေတာလေ"

"ဘေးအခန်းက ကူးလာတာနေမှာပေါ့"

"သွားမယ် မင်းယံ
သူ့ ကိုစစ်မေးပြီး အဓိကလူ
ဟိုအဘိုးကြီးကိုဖမ်းရမယ်"

"ညီညီ..."
မျက်ရည်တွေ ဝေသီနေတဲ့စမ်းရေ

"ကိုကို့ ကို မသနားတော့ဘူးလားဟင်"

"ခင်ဗျားကိုသနားရမယ် ဟုတ်လား!
ခင်ဗျားထက် ဒေါက်တာက အစပေါင်းများစွာ
ပိုသနားဖို့ ကောင်းတယ်"

"စကားမများနဲ့  ကားပေါ်တက်"

"မင်းယံ စခန်းကိုတန်းမောင်းတော့"

ပန်းမြိုင်စံအိမ်က မြို့ နဲ့ တော်တော်လှမ်းလေသည်။

လမ်းတဝက်ရောက်တော့

"ဒိုင်း!! ဒိုင်း!!!

ကားကိုလာမှန်တဲ့ ကျည်တွေ

နောက်ကလိုက်လာတဲ့ ကားအနက်၃စီးခန့် 

သေနတ်တွေနဲ့  ပစ်ခတ်ကြလေသည်။

စီးချင်းလဲ စမ်းရေနဲ့ တူတူတဖက်စီခတ်ထားတဲ့
လက်ထိပ်နဲ့  ကျန်လက်တဖက်ကတော့ လိုက်လာတဲ့
နောက်ကကားကို ပြန်ခံပစ်သည်။

ကားမောင်းကျွမ်းကျင်လှတဲ့မင်းယံက
လိုက်လာတဲ့နောက်ကကားတွေကို
ကွေ့ ရှောင်မောင်းရင်း

"ဒိုင်း!!! ဒိုင်း!!!!

"ဟေ့ရောင် စီးချင်း ဒီတိုင်းဆိုအခြေအနေမဟန်တော့ဘူးကွ"

စီးချင်းရဲ့ လက်ချက်ကြောင့်
လိုက်လာတဲ့ကား၃စီးထဲက
တစီးကတော့ မောင်းတဲ့လူကျသွားလေသည်။

ဘေးချင်းကပ်လာမောင်းတဲ့ ကား၂စီး

စီးချင်းတို့ ကား ညှပ်ပိတ်မိလေပြီ

ထိုစဉ်က မင်းယံက ကားကိုအရှိန်ပြင်းစွာ
ရှေ့ ကိုမောင်းနေရမှ ရုတ်တရတ်နောက်ပြန်
ပြန်မောင်းတော့

ရုတ်တရက်ဘေးက ကား၂စီးလဲ အရှိန်မထိန်းနိုင်ဘဲ
အချင်းချင်းပွတ်ဆွဲကာ တိုက်ကုန်လေသည်။

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora