အပိုင်း၃၈(Z+U)

2.3K 289 19
                                    

Zawgyi

နေပူပူထဲ မျက်ရည်တွေနဲ  ပြေးလွှားနေတဲ့ သူတယောက် တွေ့ သမျှလူတိုင်းက လူထူးလူဆန်းပမာလှည့်တကြည့်ကြည့်နဲ့ 

နေ့ လည်၁၂နာရီ
ကတ္တရာလမ်းက အပူ
သွေးစို့ နေတဲ့ခြေဖဝါး
အဘယ်လောက်ပူနေမည်နည်း???

ထိုအပူက စီးချင်းရင်ထဲကအပူကိုယှဉ်နိုင်မယ်မထင်။

"ကိုကို!

တလမ်းလုံးပြေးလာရလို့ ထွက်လာတဲ့
ချွေးတွေ ရေချိုးသလားမှတ်ရတယ်
တလှမ်း လှမ်းတိုင်း အသဲခိုက်မတက်
နာလာတဲ့ခြေဖဝါး သွေးတွေတရဲရဲနဲ့ 

ဒါကိုပြေးနေတဲ့သူကတော့
သတိတောင်မူမိမယ်မထင်။

မျက်ဝန်းထဲက ပူနွေးနွေးအရည်တချို့ 
မြင်ယောင်မိတဲ့ ကိုကိုရဲ့ ဖြူစင်တဲ့အပြုံးလေး

"ကိုကို ကျနော့်ကိုထားမသွားပါနဲ့ 
ကိုကိုမရှိရင် ကိုကိုမရှိရင်……

"အ!

စီးချင်း နာသွားတာကြောင့် ခြေထောက်ကိုကြည့်တော့
ခြေထောက်ထဲ စူးထားတဲ့ခဲ
ပဲ့နေတဲ့ခြေသည်းအပြင်
ခြေထောက်ထဲ ထိုးဖောက်သွားတဲ့သံတချောင်း

"အား!!!!!

စီးချင်း သံကိုဆွဲနုတ်ပြီး ထမယ်ပြင်တော့
တလလောက်လမ်းမလျှောက်ထားတဲ့
ခြေထောက်က သစ္စာမရှိ ယိုင်နဲစွာလဲလေပြီ

"နာလိုက်တာ ကိုကိုရယ်
ကိုကိုသာ ကျနော်ဒီလိုလာတာသိရင်
အရူးလေးလို့ ပြောမှာဘဲ"

"ငါမြန်မြန်သွားရမယ် မဟုတ်ရင်
ကိုကိုက အထင်လွဲနေမှာ"

ခြေထောက်သုံးမရတဲ့ စီးချင်းက
သူ့ ကိုကိုရှိရာကို လေးဘက်တွားသွားလေသည်။

တရွေ့ ရွေ့ ဖြည်းဖြည်းချင်း တွားသွားနေရင်း
လက်နဲ့ ဒူးမှာ ဒဏ်ရာ ဒဏ်ချက်တွေ
ဒါတွေကို သူအရေးမစိုက်ပါ
အခုသူဂရုစိုက်တာ သူ့ ကိုကို

မြင်ချင်မိတဲ့ အေးချမ်းတဲ့သူ့ ကိုကိုမျက်နှာ
ပြုံးလိုက်တိုင်းလူကိုနွေးထွေးစေတဲ့ ကိုကိုအပြုံး

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ
သူနဲ့ ကိုကိုရဲ့ အစိမ်းရောင်ခြယ်
ချစ်ဗိမ္ဗာန်အိမ်ကလေး

အိုအေစစ်(Complete)Where stories live. Discover now