အပိုင်း၁၄(Zawgyi)

1.1K 120 4
                                    

ကောင်လေးကို ဆေးထည့်ပေးရမှာမို့ 
ဒီနေ့ ခြံရံဆေးခန်းကိုစောပိတ်လိုက်တယ်

"ဒုက္ခပါဘဲ ကောင်လေးပေးတဲ့လိပ်စာအတိုင်းတော့
လာတာဘဲ ဆက်မသွားတက်တော့ဘူး"

"ဟူး မေးကြည့်ရအောင်လဲ ကောင်လေးနာမည်ကမသိဘူး"

"အရုပ်ကလေး ဘာရှာတာလဲ ဟိဟိ"

"ဟိုလေ ဒီအိမ်လိပ်စာကိုရှာတာမတွေ့ လို့ 
ညီမသိရင် အကိုကိုလမ်းပြပေးပါ့လား"

"ပေး"

လက်ထဲက စာရွက်လေးကိုအတင်းဆွဲယူသွားတော့

"သဝေထိုး ဝလုံး သေးသေးတင်..."

ကောင်မလေးမှာ စာဖတ်တက်တဲ့ပုံမပေါ်တာကြောင့်

"ဟိုလေ ညီမမသိဘူးဆိုရင် အကို့ စာရွက်လေး
ပြန်ပေးပါလား"

"ပေးဘူး လာခဲ့ အရုပ်ကလေး"

ကောင်မလေးက ခြံရံလက်ကို
အတင်းဆွဲပြေးလေသည်။

"မေမေ မေမေ ဒီမှာကြည့်"

"ဟဲ့ ချစ်ချစ် နင်ဘယ်သူ့ ကိုခေါ်လာလဲ"

"မေမေကလဲ သမီးက အရုပ်လေးကိုချစ်လို့ 
အိမ်ကိုအပြီးခေါ်လာတာ"

"အန်တီ ကျနော့်မှာသွားစရာရှိသေးလို့ "

"ဒီက သူငယ်လေးကို
အန်တီတောင်းပန်ပါတယ်
အန်တီသမီးလေးက ဦးနှောက်ဥာဏ်မမှီလို့ ပါကွယ်"

"ခွင့်ပြုပါအုံး အန်တီ"

ခြံရံ ပြန်ဖို့ အလှည့်

"ဟင်အင်း ဟင်အင်း အရုပ်ကလေးမသွားရဘူး
ချစ်ချစ်နဲ့တူတူဆော့မယ် ချစ်ချစ်တို့ 
အိမ်မှာနေပါနော် အရုပ်ကလေး"

"မပြန်ရဘူး ငီး...ငီး"

သူ့ လက်ထဲက အရုပ်လေးကိုပစ်ထုတ်လိုက်ပြီး
ခြံရံခါးကိုအတင်းဖက်ကာ အော်ငိုနေတော့

"ချစ်ချစ်!!

ခေါ်သံကြားတော့ ချစ်ချစ်ဆိုတဲ့ကလေးမလေး
ငြိမ်ကုပ်သွားလေသည်။

"ဘာတွေ ပြသာနာရှာလာပြန်ပြီလဲ"

"ဟို ကိုကိုကြီး ချစ်ချစ်က အရုပ်ကလေးကို
ချစ်လို့ အိမ်ခေါ်လာတာကို အမေကပြန်လွှတ်နေလို့ "

အိုအေစစ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin