အပိုင်း၁၆(Zawgyi)

1.1K 113 18
                                    

"ကောင်လေးရေ ကောင်လေး"

"ဘယ်သူမှမရှိကြဘူးလား
ကောင်လေးဆိုင်ကယ်လဲရှိပါတယ် ကောင်လေးဘယ်ရောက်နေပါလိမ့်"

"သူ့ အခန်းထဲမှာများလား"

ခြံရံ စီးချင်းအခန်းထဲကိုဝင်သွားတော့
ပက်လက်ကြီးလဲနေတဲ့ကောင်လေး

"ကောင်လေး ကောင်လေး
ခေါ်လို့ လဲမရတော့ဘူး"

"ဟာ! အသက်လဲမရှုတော့ပါလား
ကောင်လေး ကောင်လေး"
"ကောင်လေး မင်းဘာမှမဖြစ်ရဘူး
မင်းကို ကိုယ်ရအောင်ကယ်မယ်"

ငိုသံကြီးနဲ့  ငိုနေတဲ့ဒေါက်တာကြောင့်

တဖက်က ဒေါက်တာကိုမြင်မှ
အခန်းထဲပြေးဝင်ပြီး အသက်အောင့်ထားတဲ့
စီးချင်းကတော့ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်
"ခင်ဗျား သိပ်တုံးတာဘဲဒေါက်တာ"

"ငီး…ငီး မင်းဘာမှမဖြစ်ရဘူး
မင်းက ငါသံယောဇဉ်ရှိတဲ့လူ"

"အသံရှုအောင်လုပ်ရမယ်"

ခြံရံဘာမှမစဉ်းစားတော့ဘဲ
နှုတ်ခမ်းတေ့ကာ လေမှုတ်သွင်းလိုက်တော့သည်။

အောက်က စီးချင်းရဲ့ 
စူးရှတောက်ပတဲ့မျက်ဝန်းလေးမှာလဲ
အခုအခါမှာတော့ ညဇီးကွက်ကြီးအလား

"အဟစ်! ဟွတ် ဟွတ်"

မျက်လုံးပွင့်လာတဲ့ကောင်လေးကြောင့်
ခြံရံ အံ့အားသင့်သွားကာ

"မင်း…မင်း"

"ဒေါက်တာ ကျုပ်ရှင်းပြ……"

ခြံရံလဲ ရှက်ရမ်းရမ်းကာ ထပြေးလေတော့

ခြံရံတကိုယ်လုံးလဲ ခရမ်းချဉ်သီးအလား
နီရဲကာ ပေါက်ထွက်မတက်
ရင်ထဲမှာလဲ ကုလားဘုရားပွဲလှည့်နေသလို
ခံစားချက်တွေက အစိုးမရ

စီးချင်းလဲ ဒေါက်တာကိုစလိုက်ပင်မဲ့ ရုတ်တရတ်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်
လူလဲရှိန်းတိန်းပိန်းတိန်း

"ဒေါက်တာ ဟာ အိတ်ကကျန်နေခဲ့ပြီ"

စီးချင်း ဒေါက်တာအိတ်ကိုဆွဲပြီ

"ဒေါက်တာ ကျုပ်မရည်ရွယ်ပါဘူး"

"ကျုပ်ရှင်းပြပါ့မယ်"

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora