အပိုင်း၃၅(Z+U)

2.5K 287 22
                                    

Zawgyi

"မင်းသတိရပြီလား"

"နေအုံး မင်းဖျားနေတယ် ခဏနားလိုက်အုံး"

"ကျုပ်မှာ နားဖို့ အချိန်မရှိဘူး"

လက်ကသွင်းသွားတဲ့dripကိုဖြုတ်မယ်အလုပ်
မင်းယံ စီးချင်းလက်ကိုဖမ်းထားလိုက်ကာ

"အဲနေ့ က ထွက်ပြေးသွားတဲ့
လူကိုဖမ်းပြီးသက်သေထွက်ခိုင်းရမယ်
အဲလူမျက်နှာကျုပ်မှတ်မိတယ်
ကျုပ်အခုဘဲသွားဖမ်းမယ်"

"မင်းလဲသွားလို့  မဖြစ်ဘူး
အခုအချိန်သခင်လေးကို
ကယ်ဖို့ အရေးကြီးတယ်ဆိုပင်မဲ့
မင်းလဲသွားလို့ မဖြစ်သေးဘူး
ငါပြောတာ နားထောင်!!!

"ဒီနေ့ တော့နားလိုက်
မနက်ဖြန် ငါပါလိုက်မယ်
အဲလိုကောင်တွေ ဘယ်မှာကျက်စားလဲ
ငါသိတယ်ကြိုပြီးစုံစမ်းလို့ရအောင်
အဲကောင်ရဲ့ ပုံပန်းသဏ္ဌာန်ကိုငါ့ကိုပြော"

စီးချင်းလက်တဖက်နဲ့ ပုံကြမ်းဆွဲလိုက်ကာ

"ရော့"

မင်းယံစိတ်အကြီးအကျယ်ညစ်သွားသည်။

"မင်းရဲ့ပုံဆွဲစကေးက ညံ့လိုက်တာ"

မျက်ဒေါက်နီနဲ့ စိုက်ကြည့်လိုက်တဲ့စီးချင်း

"ခင်ဗျားနဲ့ ကျနော် ဒီကိစ္စသိတာ
ဟိုအဘိုးကြီးမသိစေနဲ့ "

"အေပါ မင်းလဲသတိရပြီဆိုတော့ငါသွားတော့မယ်
အခြေအနေတခုခုထူးရင်ဖုန်းဆက်လိုက်"

မင်းယံပြန်သွားတာနဲ့ 
စီးချင်းလက်ကdripချိတ်ထားတဲ့ပိုက်ကို
ဆွဲဖြုတ်လိုက်သည်။

"တူလေး ဘာတွေလုပ်နေတာလဲ
စားချင်တာရှိရင် အဒေါ်ကိုပြောလေ
နေကောင်းတာလဲ မဟုတ်ဘဲနဲ့ကွယ်
ပေးပေး အဒေါ်လုပ်မယ်"

"ရတယ် ကျနော်ဘဲလုပ်မယ်"

*ခေါင်းမာလွန်းတဲ့ တူကြောင့်
ဒေါ်မာလာ ဘာမှထပ်မပြောရဲ*

ချက်ပြုတ်ပြီးတော့
ချိုင့်ဆွဲကာ ထွက်သွားတဲ့စီးချင်း

"ဖျားနေတာကို ဘယ်ထွက်သွားပြန်ပြီလဲ"

"ထက်မြက် ဒေါက်တာကော"

"မင်းဒေါက်တာကို စစ်နေကြတယ်
ခဏနေတော့ ပြီးမှာပါ"

အိုအေစစ်(Complete)Onde histórias criam vida. Descubra agora