အပိုင်း၁၂(Zawgyi)

1.1K 103 5
                                    

"ဦးစိန် သားကို ရန်ကုန်ကအိမ်ကိုပို့ လိုက်
ဒီကိစ္စတွေပြီးမှပြန်ခေါ်မယ်"

"ဟုတ်ကဲ့ အကိုလေး"

ခဏကြာတော့ အိမ်အပေါ်ထပ်ကခြံရံပြေးဆင်းလာပြီး
"ဖေဖေ သားကိုရန်ကုန်ပို့ မလို့ ဆို
ဖေဖေ သားမသွားချင်ဘူး
သားလိမ္မာပါ့မယ် ဒီမှာဘဲနေလို့ မရဘူးလား"

"မရဘူး မင်းအဲမှာသွားနေ
ဆယ်တန်းအောင်မှပြန်လာခဲ့"

ခြံရံလဲ ဖေဖေစကားကိုမလွန်ဆန်နိုင်တာကြောင့်

"ဟုတ် ဖေဖေ သားသွားပါ့မယ်
ဒါပင်မဲ့ မင်းယံကိုခေါ်သွားလို့ ရမလား"

"မရဘူး မင်းယံက
သူ့ အပြစ်အတွက် အပြစ်ဒဏ်ခံရအုံးမှာ"

"သူ့ အပြစ် မင်းယံမှာဘာအပြစ်ရှိလို့ လဲ"

"ရှိတာပေါ့ သိပ်ကိုရှိတာပေါ့
မင်းကိုမကာကွယ်နိုင်တာ
သူ့ အတွက်အကြီးမားဆုံးအပြစ်ဘဲ"

"ဒါဆိုရင် အပြစ်က မင်းယံအပြစ်မဟုတ်ဘူးဖေဖေ
သားအပြစ်ပါ သားကိုအပြစ်ပေးပါ"

"မင်းကိုငါဘာပြောထားလဲ မင်းအမှားတခုခုလုပ်တာနဲ့ 
မင်းယံကိုအပြစ်ပေးမယ်လို့ "

"ဒါပင်မဲ့ ………''

မင်းယံခေါင်းခါပြတယ်

"ဦးစိန် သူ့ ကိုအခုဘဲရန်ကုန်ကိုပို့ လိုက်
ဟိုကငါ့တပည့်က ကျောင်းတက်ဖို့ ကအစ
အားလုံးလုပ်ပေးလိမ့်မယ်"

ခြံရံမသွားဘဲ တွန့် ဆုတ်ဆုတ်လုပ်နေတော့
ဦးစိန်က ပခုံးပေါ်ထမ်းသွားရင်း

"မင်းယံ!! မင်းယံ ငါတောင်းပန်ပါတယ်
ငါဆယ်တန်းအောင်တဲ့နေ့  မင်းကိုငါပြန်လာခေါ်ပါ့မယ်"

"မငိုပါနဲ့ သခင်လေးရယ် ကျနော်လဲ
သခင်လေးပြန်လာခေါ်တဲ့နေ့ အထိစောင့်နေပါ့မယ်"
မင်းယံထွက်သွားတဲ့သခင်လေးကိုကြည်ကာ
တီးတိုးရေရွတ်ရင်းပါးပြင်ပေါ်မှာလဲ
မျက်ရည်တွေကျလို့ 

*မင်းယံဘဝမှာ တခုထဲသာရှိတဲ့ သံယောဇဉ်လေးမဟုတ်လား*

            **********************

တပတ်လောက်ကြာတော့

"မေမေ မေမေ"

"သားလေး သတိရလာပြီ
သားလေးမေ့နေတာ တပတ်လောက်ရှိပြီ"

အိုအေစစ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin