အပိုင်း၄၀(Z+U)

2.4K 271 15
                                    

Zawgyi

"ပြောစမ်း ခင်ဗျားပြောစမ်း"

ဦးမင်းမြတ် စီးချင်းကိုမျက်နှာလွှဲလိုက်ပြီး

"ငါအကုန်လုံး ဝန်ခံတယ်လို့ ပြောppဘဲ
ဘာထပ်ပြောရမှာလဲ"

"ကျုပ် အကို ကျုပ်အကိုစစ်ရေးကို
ခင်ဗျားသတ်တာမဟုတ်လား"

"ဒီမှာ ကောင်လေး မင်းအကိုကိုငါမသတ်ဘူးလို့ 
ဘယ်နှခါပြောရမလဲ"

"ခင်ဗျားကြီး မလိမ်နဲ့ 
အဲတုန်းက ခင်ဗျားကြီးအသံကိုကြားတဲ့သူရှိတယ်"

"မင်းမယုံလဲမတက်နိုင်ဘူး
ငါမင်းအစ်ကိုကို သတ်ဖို့ 
ဘယ်တုန်းကမှမကြံစည်ခဲ့ဘူး"

"ငါရေချမ်းဆီကပစ္စည်းလုဖို့ ဘဲလုပ်ခဲ့တာ"

"မင်းအကိုသေတာ ငါမသိဘူး"

"ခင်ဗျား ခင်ဗျား မလိမ်နဲ့ 
ခင်ဗျားကို ထောင်အကျမခံဘဲ
ကျုပ်ဒီနေရာမှာတင် သတ်ပစ်လို့ ရတယ်!!!!

"ဟက် မင်းရွေးလေ
ငါကဆက်ပြီးတက်လမ်းမရှိတော့တဲ့ သေလူ
မင်းက အရာရှိ မင်းဘဝနဲ့ ငါ့ဘဝလဲနိုင်ရင်
သတ်ပစ်ပေါ့ ဟား…ဟား"

"မင်းမြတ်ဘဝမှာ နေချင်သလိုနေ
လုပ်ချင်တာလုပ်ပြီး တဘဝလုံးပြည့်ပြည့်စုံစုံ
ဖြတ်သန်းခဲ့ပြီးပြီ မင်းသတ်လို့ သေတော့
ငါထောင်ထဲမှာဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့
သတ်ပစ်စမ်းပါ သတ်ပစ်လေ!!!!

စီးချင်း ဦးမင်းမြတ်အကျီလည်ပင်းကိုဆွဲလိုက်ပြီး
စူးစူးဝူးဝူးကြည့်ကာ
"ခင်ဗျား ဘာလို့ ကျုပ်ပိုင်တဲ့အရာတွေ
တခုပြီးတခုဖျက်ဆီးနေတာလဲ!!!!

"ခွပ်!

"ခွပ်!

တဖက်အခန်းက ကြည့်နေတဲ့
ထက်မြက်တို့ ပြေးဝင်လာပြီး
စီးချင်းကိုဆွဲထားကာ

"စီးချင်း မင်းတရားခံကိုအခုလိုလုပ်လို့ မရဘူးလေ
စီနီယာ သူ့ ကိုခေါ်သွားလိုက် ကျနော်ဘဲဆက်မေးတော့မယ်"

"ခင်ဗျားကို ကျုပ်စိတ်တိုင်းသာဆိုသတ်ပစ်ပြီ
ဒါပင်မဲ့ ကျုပ်အသက်ရှင်ဖို့ အကြောင်းအရင်းတခုရှိနေသေးလို့ သာ
ခင်ဗျား သက်သာသွားတယ်မှတ်ပါ"

အိုအေစစ်(Complete)Tempat cerita menjadi hidup. Temukan sekarang