အပိုင်း၃၀(Z+U)

2.3K 238 13
                                    

Zawgyi

"သခင်လေး ကျနော်တောင်းပန်ပါတယ်
ကျနော့်ကြောင့်ပါ"

"မင်းအပြစ်မဟုတ်ပါဘူး "

"ဒါတွေက ဟိုကောင်စမ်းရေကြောင့်
တောက်! မိန်းမလိုမိန်းမ ကလိန်ကကျစ်
သူများအိမ်ထောင်ရေးကို
စီးချင်းဆိုတဲ့ကောင်လေးကလဲ
သခင်လေးကိုရှင်းပြခွင့်မပေးဘဲ
အဲကောင်စကားဆို
ဘာလို့ ယုံကြည်နေရတာလဲ"

"တော်ပါတော့ မင်းယံရယ်"

"ကျနော် အဲကောင်ကိုဖမ်းခေါ်ခဲ့မယ်
သခင်လေးစိတ်ပြေတဲ့အထိ
ရိုက်နှက်ပစ်"

"မင်းယံ ငါမှာစမ်းရေကိုရိုက်ပိုင်ခွင့်ကော
ကောင်လေးကိုမုန်းပိုင်ခွင့်ကောမရှိဘူး"

"ဘာလို့ လဲသိလား
ငါ့မိသားစုငါ့အဖေကြောင့်
သူတို့ မိသားစုလေးတွေ
ပြိုလဲရတာခက်ခဲခဲ့ရတာ
ပြီးတော့ ငါကောင်လေးကို
သူဆီကလုယူခဲ့တာမဟုတ်ပင်မဲ့
သူ့ နားကနေ ဆွဲထုတ်သွားခဲ့တာလေ
စမ်းရေငါကိုမုန်းတာမဆန်းပါဘူး"

"သူတို့ အပေါ်တင်နေတဲ့အကြွေးတွေ
ငါဒီဘဝမှာဘဲအပြီးဆပ်ခဲ့ချင်တယ်"

"သခင်လေးရယ်"

"မင်းစိတ်မကောင်းမဖြစ်ပါနဲ့ "

"တနေ့ နေ့ တော့ ကောင်လေးလဲ
ူသူအပေါ်ထားတဲ့ငါ့စိတ်တွေကိုမြင်လာပါလိမ့်မယ်"

……………………………………

"ညီညီ ပြန်တော့မလို့ လား""

"အရာအားလုံးအတွက် ကိုကို့ ကို
ကျနော်တောင်းပန်ပါတယ်  ကျနော်ကိုခွင့်ပြုပါအုံး
ကျနော့်စိတ်တွေမွန်းကြပ်လွန်းလို့ "

ညီညီထွက်သွားတော့
ပါးပြင်မှာ စီးကျသွားတဲ့
မျက်ရည်ကိုစမ်းရေမြင်ဖြစ်အောင်
မြင်မိသွားသေးသည်။

"ညီညီ မင်းအဲ့ကောင်
မင်းမြတ်ခြံရံကိုချစ်နေပြီမှတ်လား"

"မင်းချစ်ချစ် မချစ်ချစ် ငါကတော့
မင်းတို့ ၂ယောက်ကို ငါအသက်ရှင်နေသ၍
ရအောင်ခွဲပစ်မှာ"

"ငါမပိုင်ရရင် မင်းလဲမပိုင်ရဘူး မင်းမြတ်ခြံရံ"

………………………………………………

အိုအေစစ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin