အပိုင်း၃၃(Z+U)

2.1K 256 28
                                    

Zawgyi

"ကိုကို  ကိုကို"

"သား စီးချင်း က ရဲယူနီဖောင်းနဲ့ သိပ်လိုက်တာဘဲကွယ်"

"ကျနော် ရဲအရာရှိဖြစ်ပြီဒေါ်ဒေါ်
အဲဒါကိုကို့ ကိုပြချင်လို့ 
ဒီကိုတန်းလာတာ ကိုကိုကောဟင်"

"သား ကိုကိုက အမှုကိစ္စနဲ့ ခရီးထွက်သွားတာ
တလတောင်ကျော်ပြီ အခုထိပြန်မလာသေးဘူး"

"ဟင်း!
စီးချင်း သက်ပြင်းချမိတယ်

ကိုကိုကသူ့ ကိုရဲအရာရှိအနေနဲ့ 
သိပ်မြင်ချင်ခဲ့တာ ကိုကိုနဲ့မတရားမှုတွေ တူတူဖြေရှင်းကြမယ်ပေါ့
အိမ်ကိုတောင်မဝင်ဘဲတန်းလာခဲ့တာ
အခုတော့ ကိုကိုကဘယ်ရောက်နေမှန်းမသိ

"အိမ်ပြန်တာဘဲ ကောင်းပါတယ်လေ"

ခြံရံခြံထဲပန်းပင်ရေလောင်းနေတုံး
မသာမယာမျက်နှာနဲ့ အိမ်ပြန်လာတဲ့ကောင်လေး

"ကောင်လေး!!!!

"အန်တီမာလာရေ ချစ်ချစ်ရေ
ဒီမှာကောင်လေးကိုလာကြည့်ကြပါအုံး"

"ကိုကိုကြီး"

"ကောင်လေးက သိပ်ခန့် တာဘဲ
ကောင်လေးနဲ့ ဒီဝတ်စုံသိပ်လိုက်တယ်"

လက်မလေးတထောင်ထောင်နဲ့ 
ပြုံးရွှင်နေတဲ့ ခြံရံကိုကြည့်ပြီး

*ခင်ဗျားသိပ်ပျော်နေတာလား မင်းမြတ်ခြံရံ
ကျုပ်ကတော့မပျော်ဘူး
တနေ့ ကျုပ် ဖမ်းရမဲ့တရားခံထဲမှာ
ခင်ဗျားပါရင်……
ကျုပ်မတွေးရဲဘူး…ခင်ဗျားရယ်*

"အန်တီမာလာ ကောင်လေးနဲ့ ကျနော့်ကို
ဓာတ်ပုံရိုက်ပေးပါအုံး"

"ဟီးဟီး ကောင်လေးပြုံးပေးပါလားဟင်"

စီးချင်းပြုံးလိုက်ပြီး ခြံရံခေါင်းပေါ်
ဦးထုပ်ချွတ်ပြီးဆောင်းပေးလိုက်သည်။

*ခင်ဗျားကို ဒီဦးထုပ်ထဲဖွက်ထားချင်တယ်
ခင်ဗျားအပြစ်တွေကိုလဲ ကျုပ်ဖွက်ထားပစ်ချင်တယ်
ဒါပင်မဲ့ ကျုပ်ကအမှန်တရားရဲ့ ဘက်တော်သားဖြစ်တာကြောင့်…*

*အားနာပါတယ် ခင်ဗျားရယ်*

ရဲတယောက်ဖြစ်ရင်
ကျုပ်သိပ်ပျော်မယ်ထင်တာ
အခုတော့ထင်သလောက်လဲ
မဟုတ်ပါလား

အိုအေစစ်(Complete)Onde histórias criam vida. Descubra agora