အပိုင်း၂၆(Z+U)

2.1K 229 24
                                    

Zawgyi

ကောင်လေးအတွက်ညစာပြင်ပေးရင်း

"အန်တီတို့ ကော"

"အန်တီမာလာတို့  ပြန်သွားပြီလေ
မှောင်ရင် မိန်းမသားတွေသွားလာဖို့ က
အဆင်မပြေဘူးလေ"

ဝမ်းနည်းနေသော်လည်း စကားကို
အတက်နိုင်ဆုံးထိန်းပြောကာ
အသံကတော့ တုန်ယင်နေလေသည်။

"ထိုင် ကောင်လေး
အန်တီကလေ ကောင်လေး
ကြိုက်တာတွေ သေချာချက်ပေးထားတာ
ကိုယ်ပြန်နွေးပေးထားတယ်"

ဒီလူ ဘာဖြစ်နေတာပါလိမ့်
အသံတွေတုန်ကာ ပြုံးပြနေပင်မဲ့
တခုခုကိုဖုံးကွယ်ထားသလို
မျက်လုံးတွေနီနေတယ်
ဒီလူငိုထားတာလား

"ခင်ဗျားဘာဖြစ်နေတာလဲ"

ခြံရံပြန်ပြုံးပြရင်း
"ကိုကိုဘာမှမဖြစ်ပါဘူးကောင်လေးရဲ့ '"

"ကျုပ်ကိုမညာနဲ့ !!!

ကောင်လေးစိတ်ဆိုးသွားပြီ

"ဟို ဟို ကောင်လေးရဲ့ ချစ်သူ
အစောကဖုန်းဆက်တယ်"

"Aww အဲဒါလား"

အေးအေးဆေးဆေးပြောနိုင်တဲ့ကောင်လေး

"ထမင်းတခါထဲ ဝင်စား"

"ဟိုလေ... ဟို... ကိုကိုမဆာသေးလို့ ပါ"

ယပ်တောင်ကိုင်ကာ ဘေးကရပ်နေတဲ့
ခြံရံရဲ့လက်တဖက်က ဆောင့်ဆွဲကာ
ထိုင်ခုံမှာထိုင်စေပြီးထမင်းဟင်းများကို
ထည့်ပေးကာ

"စိတ်မကောင်းမဖြစ်နဲ့  ဒီကိစ္စကအဲလောက်ကြီးကျယ်မနေဘူး"

"များများစား ခင်ဗျားပိန်လွန်းတယ်"

ခြံရံပန်းကန်ထဲတွင်ပုံနေသော ဟင်းများကြောင့်

"တော်ပြီ ကောင်လေး တော်ပြီ
ကိုကို မကုန်လို့ ပါ"

"ဝအောင်စား ခင်ဗျားရဲ့ ကိုယ်ရံတော်လား
အတွင်းရေးမှူးလား အဲလူကကျုပ်ကိုတွေ့ ရင်
ကျုပ်ကဘဲ ခင်ဗျားကိုနှိပ်စက်နေသလိုလို
မဝရေစား ကျွေးနေသလိုလိုနဲ့ 
အဲလူအကြည့်တွေ ကျုပ်မကြိုက်ဘူး
အဲလူနဲ့ ကင်းကင်းနေပါ"

"ဟိုလေ...ကောင်လေး အဲဒါကတော့"

"sorry ကျုပ်ခင်ဗျားpersonalကို
ထိပါးမိပြီ ကျုပ်မပြောခဲ့ဘူးသဘောထားလိုက်"

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora