ခြံရံဆေးခန်းပိတ်နေတုံး
"ဟင်! ကောင်လေး
ကိုယ့်ကိုလာကြိုတာလား"ခင်ဗျားကို စိတ်မချဘူးလို့ 
ပြောမယ်ထင်လား လုံးဝဘဲခပ်တင်းတင်းလေသံဖြင့်
"မဟုတ်ဘူး လမ်းကြုံလို့ ""လမ်းကြုံတာက တိုက်ဆိုက်လိုက်တာနော်
ကောင်လေးအိမ်ပြီးမှ ကိုယ့်ဆေးခန်းရောက်တာပါ
လမ်းကဘယ်လိုကြုံပါလိမ့်""လမ်းကြုံတယ်ဆိုကြုံလိုက်ပေါ့
စကားကိုများတယ် အဖိုးကြီး"ဆိုင်ကယ် ဦးထုပ်ကိုပစ်ပေးပြီးတော့
"တက် သွားမယ်"
"ဒါများ ဆေးခန်းမှာ ဆေးဝင်ထည့်လိုက်တာမဟုတ်ဘူး"
အခုတော့ ဆေးထည့်ပေးပြီးရင်
ကောင်လေး ကိုယ့်ကိုပြန်ပို့ ပေးရတာအလုပ်ရှုပ်တော့မှာဘဲ""မရှုပ်ဘူး"
ခင်ဗျားကို လာကြိုဖို့ 
အလုပ်ကအမှီပြန်လာတာ
ငတုံးအဖိုးကြီးရဲ့ "ဆင်း"
ဆိုင်ကယ်ပေါ်က ဆင်းဆင်းခြင်း
ချစ်ချစ် ပြေးထွက်လာပြီး
"ကိုကိုကြီး ကိုကိုကြီး ဟိုဘက်အိမ်က
အန်တီပန်းနုရဲ့သား ဘာဖြစ်လဲမသိဘူး တုန်နေတယ်""ဟာ ဌက်ဖျားထင်တယ်
မနေ့ ကထဲကဆေးခန်းသွားပါဆို
ပေတေပြီးနေတာဘဲ""လာ ခင်ဗျားလိုက်ခဲ့"
ခြံရံ လူနားကိုစမ်းသပ်ကုပေးပြီး
သောက်ရမဲ့ဆေးတွေ သေချာပေးခဲ့လေသည်။ပန်းနုက
"ကျေးဇူးပါ ဒေါက်တာလေးရယ်
သားကြီးက အရမ်းပေတာ ရောဂါကိုဘယ်တော့မှမကုဘူး
ဒေါက်တာလေး အချိန်မှီရောက်လာလို့ ပေါ့
မဟုတ်ရင် ဒုက္ခများကုန်တော့မှာ""မဟုတ်တာ အန်တီရယ်
ဆေးကုတာ ကျနော့်အလုပ်ပါ
ကျေးဇူးတင်စရာမလိုပါဘူး"စီးချင်းက
"အန်တီ ခွင့်ပြုပါအုံး
ကျနော်ဒေါက်တာကို ထမင်းကျွေးမလို့ ခေါ်လာတာ""ဟုတ်လား ဒါဆို သားနဲ့ ဒေါက်တာ
ခဏဘဲစောင့် အန်တီပြင်ပေးမယ်""ဟာ မဟုတ်တာ အန်တီရယ်
ကျနော့်ကြောင့် ဒုက္ခများကုန်ပါ့မယ်"
ESTÁS LEYENDO
အိုအေစစ်(Complete)
Romance( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ် မင်းမြတ်ခြံရံ" စီးချင်း "ကိုယ့်ရဲ့ အမှားတွေ ကိုယ့်အဖေရဲ...