အပိုင်း၂၂(Zawgyi)

1K 109 6
                                    

"လာစမ်း လူလိုမသိတဲ့ခွေးကောင်"
ကားပေါ်ကနေ ခြံရံကိုဒရွတ်တိုက်ဆွဲသွားကာ

"လူတွေကြားထဲမှာမို့ 
ငါဒေါသတွေဘယ်လောက်
ထိန်းထားရလဲ မင်းသိလား"

"ဟာကွာ!မင်းလုပ်ငန်းစုပိုင်ရှင်
ဦးမင်းမြတ်ရဲ့ သားကအခြောက်
ငါ့အသိုင်းအဝိုင်းမှာ ငါဘယ်လိုမျက်နှာဘယ်ပြရမလဲ
အဲဒါမင်းကြောင့် သုံးစားမရတဲ့ကောင်"

"ခွပ်!

"ခွပ်!

"ခွပ်!

"ခွပ်!

အချက်ပေါင်းများစွာ ဆင့်ထိုးနေတာကြောင့်
ခြံရံမျက်နှာတခုလုံးလဲ စုတ်ပြတ်နေလေပြီ

"သခင်ကြီး တော်လောက်ပါပြီ
စိတ်အေးအေးနဲ့ စဉ်းစားပါ
ဒီကိစ္စက ကျနော့်အပြစ်ပါ
သခင်လေးကို ကျနော်မကာကွယ်နိုင်လို့ ပါ"

"မင်းဘာမှ ကာစီးကာစီးလုပ်မနေနဲ့  မင်းယံ
ဒီကိစ္စ မင်းနဲ့ မဆိုင်ဘူး"

"အကိုလေး ဘာဘဲပြောပြော
သခင်လေးက အကိုလေးရဲ့ သားပါ
နည်းနည်းတော့ ငဲ့ညှာပေးပါ"

ခြံရံမှာတော့ နှုတ်ဆိတ်နေပြီး
ငိုဘဲငိုနေမိတယ်

"မင်းယံ သူ့ ကိုနိုင်ငံခြားပို့ ဖို့ လုပ်"

တချိန်လုံးတိတ်နေတဲ့ခြံရံက
"သားနိုင်ငံခြားသွားရင်
ကောင်လေးကို လွှတ်ပေးမလား"

"ငါ့မိသားစုဂုဏ်သတင်းကို ငါကာကွယ်ရမယ်
မင်းဘာသာသွား ကျန်တဲ့ကိစ္စငါဘာသာရှင်းမယ်"

"ဟင်အင်း ဟင်အင်း
သားသွားရင် ဖေဖေကောင်လေးကို
တခုခုလုပ်မှာ သားသိတယ်"

"ငါကလက်နဲ့ ရေးတာကို ခြေနဲ့ ဖျက်ချင်တဲ့ကောင်"

"ကဲကွာ!

"ဘုန်း!!

ဒူးထောက်နေတဲ့ခြံရံ
ကန်ချက်ကြောင့် ခွေလဲကျသွားလေသည်။

"ဖေဖေ သားတောင်းပန်ပါတယ်
ကောင်လေးကို ဘာမှမလုပ်ပါနဲ့ "

"ဒီလောက်လုပ်ထားတာတောင်
အဲကောင်ကိုကာကွယ်နေသေးတယ်"

"ဘုန်း!!

"သခင်ကြီး!!

"ဘုန်း"

အိုအေစစ်(Complete)Hikayelerin yaşadığı yer. Şimdi keşfedin