Prologue

20.4K 965 12
                                    

#Unicode

ကမ္ဘာမြေ၏ တစ်နေရာပေါ်တွင်...

သေဆုံးပြီးသားဖြစ်တဲ့ စုပုံထားတဲ့ လူသေအလောင်းတွေ အပေါ်တွင် မတ်တပ်ရပ်နေသော လူတစ်ယော​က်ရှိနေလေသည်။

ထိုလူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်ရုံရှည်ကလဲ သွေးများစွန်းနေကာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေသည်။ သူ၏ လက်ထဲတွင်လည်း သွေးများပေကျံနေသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး မျက်လုံးအကြည့်တွေကတော့ သူ့ခြေဖဝါးအောက်တွင်ရှိသော သူ၏ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြသော သိန်းပေါင်းများစွာသော လူသားတွေအပေါ်တွင် ဖြစ်သည်။ သို့သော် သူသတ်ခဲ့သော ထိုလူသေပုံကြီးကို စိုက်ကြည့်နေခဲ့သော သူ၏ မျက်နှာတွင်တော့ ဝမ်းနည်းပုံ၊ နောင်တရနေပုံမပေါ်ပေ။

သူ၏ ရုပ်ရည်ကတော့ နူးညံ့လှပပြီး အားနည်းဟန်ရှိသော်လည်း အခုတွင်တော့ သေဆုံးသူတို့၏ သွေးများက သူ၏ မျက်နှာပေါ်တွင် ပေကျံနေသောကြောင့် အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ မျက်နှာထားမှာလည်း အရယ်အပြုံးမရှိပဲ နှုတ်ခမ်းဟာလည်း တင်းတင်းစေ့ထားသည်။ သူ၏ ရှည်လျားလှသော ငွေဖြူရောင် ဆံနွယ်များဟာလဲ သူ၏ ပုခုံးပေါ်တွင် ဆွဲဆောင်မှုရှိစွာ ကျနေလေသည်။ သူ၏ ငွေဖြူရောင်ဆံပင်များနှင့် သူ၏ နီညိုရောင်ရှိတဲ့ မျက်လုံးတစ်စုံဟာ လိုက်ဖက်မှုရှိနေလေသည်။

ထိုသူရပ်နေသော နေရာ၏ ဘေးပတ်လည်တွင်လည်း အမည်းရောင်အခိုးအငွေ့တွေဟာ လှည့်ပတ်သွားလာနေသည်။ ထိုအမည်းရောင် အငွေ့များထဲမှလည်း ယောကျ်ား မိန်းမ ကလေး အသံမျိုးစုံ ထွက်နေလေသည်။

"ကောင်းတယ်...မင်းသိပ်တော်တယ်"
(ယောကျ်ားအသံ)

"ပျော်လိုက်တာရှင်...နောက်ဆုံးတော့ ဒီကမ္ဘာက လူတွေ အကုန်သေကုန်ပြီ"(မိန်းမအသံ)

"ဟီးဟီး... ကျွန်တော်တို့ သူရဲကောင်းကြီးက အရမ်းတော်တာပဲ"(ကလေးအသံ)

"ဆုချီးမြင့်ရမယ်....ဆုချီးမြင့်ရမယ်"(မိန်းမအသံ)

"သူတို့တွေ သေသင့်တာကြာပြီ.."(ယောကျ်ားအသံ)

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now