Unicode
အလုပ်နောက်ကျနေပြီဆိုမှဘဲ ဆိုင်ကယ်က ဘီးပေါက်နေပြန်တယ်။ပြင်ဖို့အချိန်လဲ မကျန်တော့ဘူး ကားငှားသွားဖို့သာ ရှိတော့တယ်။
ကားငှားမလို့လုပ်နေတုန်း လမ်းမပေါ်ဖြတ်ပြေးလာတဲ့ကလေးနဲ့ တဖက်ကလာနေတဲ့ကား။
အ!!!!!
အချိန်မှီပြေးသွားပြီ ကလေးနဲ့အတူ လှိမ့်ချလိုက်တာမို့ ကလေးတော့ဘာမှဖြစ်မသွားချေ။
"သမီးလေး!!!"
"အဟင့် မားမား!!!"
"သမီးလေးအဆင်ပြေရဲ့လား"
"ဒီမှာ!!!ခင်ဗျားကိုယ့်ကလေးကို အဲ့လိုဘဲပစ်ထားရလား"
"ဟိုဘက်လှည့်ပြီး ဖုန်းခနပြော...."
"အဲ့မှာပြောနေတုန်း ခင်ဗျားသမီးသေတော့မလို့!!"
"အစ်မအမှားပါ မောင်လေးကိုလဲ ကျေးဇူးတင်ပါတယ် ဒီလိုနောက်တခါမဖြစ်စေရတော့ပါဘူး ဒါနဲ့ဘာဖြစ်သွားသေးလဲ"
"ကိုယ့်ကလေးကိုသာ စိတ်ပူပါ ပွန်းရုံလောက်ဘဲ ဒီလောက်ကအေးဆေး"
"ဆေးခန်းလိုက်ပို့ပေးရမလား"
"ရတယ် ခင်ဗျားသာဂရုစိုက်!!!!"
"နောက်တကြိမ်ထပ်ပြီး ကျေးဇူးတင်ပါတယ်
ဒါအစ်မရဲ့ Bussiness Cardပါ
အခက်အခဲရှိရင် ဆက်သွယ်ပါ အစ်မကျေးဇူးပြန်ဆပ်ပါရစေ""မလိုပါဘူး ကျေးဇူးအတင်ခံချင်လို့ ကယ်တာမဟုတ်ဘူး"
"ဒါမဲ့လဲ ကျေးဇူးတင်ပါတယ် လိုလိုမယ်မယ်ယူထားလိုက်ပါ"
ငြင်းနေလဲ ရမှာမဟုတ်တာကြောင့် ပြီးပြီးရောယူထားလိုက်တယ်။
"ဒါဆို ခွင့်ပြုပါဦး"
သူတို့ိထွက်သွားပြီးတာနဲ့ အိမ်ပြန်ဖို့သာပြင်လိုက်တယ်။ပြဲသွားတဲ့ဒူးရယ် ပွန်းနေတဲ့တံတောင်ရယ်
ညစ်ပတ်နေတဲ့အ၀တ်ရယ် ပုံစံကဘယ်လိုမှ အလုပ်သွားဖို့မဖြစ်နိုင်တော့။"ဟိုကိုကို!!!!"
နောက်ကျောက လှမ်းအော်တဲ့အသံကြောင့်
လှည့်ကြည့်တော့ သူကယ်လိုက်တဲ့ဟိုကလေးမ။
သူ့ဆီပြေးလာပြီး လက်ထဲကအရုပ်လေးကို သူ့ဆီပေးတယ်။