Unicode
"Yi....Yibo သော့...သော့ အွန်း... နေပါ...မွ....ခန....ပြွတ်စ်...အထဲ...အွတ်...ကဲ!!!"
ရုံးက ပြန်ရောက်ရောက်ချင်း ဓာတ်လှေကားကို မှီရင်းထိုင်ရက်အိပ်နေတဲ့ Yiboနဲ့တိုးတယ်။
မနက်ကပြောသွားသလိုဆို ညစာစားပွဲမှာ သောက်လာတာဖြစ်လောက်တယ်။
မတ်မတ်တောင် မရပ်နိုင်တဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် သောက်လာတာလဲဟ!သောက်ရေးထဲ ဓာတ်လှေကားပျက်နေလို့ 4လွှာထိ လှေကားကနေ သူ့ကိုယ်ကြီး တွဲပြီးတက်ရသေးတယ်။ ခုလဲ တံခါး ဖွင့်ဖို့အရေး သော့တောင်းနေတာကို အတင်းလိုက်နမ်းနေပြန်.....
"ရား Wang Yibo!! သတိကပ်စမ်းပါ"
မအော်လို့မရဘူး Corriderကြီးမှာ အင်္ကျီတွေ
ဆွဲချွတ်နေတဲ့ဟာကို။"ချစ်တယ် မွ!"
"ငါလည်း ချစ်ပါတယ် အခုတော့
အထဲအရင်၀င်ကြမယ်နော် လိမ္မာတယ်လေ""Wang Yibo က Xiao Zhanကို အရမ်းချစ်တယ်!!"
လက်ကို မြှောက်လို့ ကလေးလို အော်ဟစ်နေတဲ့ Yiboက ပါးလေးတွေရဲပြီး မျက်လုံးလေးတွေက ပေစင်းစင်းနဲ့ ကလေးလေးအတိုင်းပင်။ သော့တောင်းလို့ မရလို့ အကြံအိုက်နေစဥ် အာ
ဟုတ်သား ငါ့အခန်း!Xiao Zhan ရဲ့ အခန်းလေးက သူ့ကို သတိတရ
ရှိသေးတဲ့တွက် အထူး၀မ်းမြောက္မိပါသတဲ့။"ချစ်တယ်"ထအော်လိုက် လိုက်နမ်းလိုက်နဲ့ Yiboကို လျစ်လျူရှုရင်း အခန်းတံခါးကို အမြန်
ဖွင့်လိုက်တယ်။ အထဲရောက်တာနဲ့ ဖိနပ်ချွတ်ပေးတာတောင် မစောင့်နိုင်ဖြစ်နေတဲ့ Yiboက သူ့အားနံရံကို အတင်းကပ်ပြီး နမ်းတယ်။ဒုန်း! အ့!
"ဖြည်းဖြည်း အွန်း!"
မီးခလုတ်မဖွင့်ရသေးတာမို့ မှောင်မည်းမည်း အခန်းထဲ သိပ်မမြင်ရပေမဲ့လို့ Yibo လှုပ်ရှားမှုတွေအရ အင်္ကျီတွေ ဖယ်ပစ်နေမှန်းတော့ အတပ်သိတယ်။
တွဲနေတဲ့ တစ်လျှောက်လုံး ဖက်အိပ်တာက လွဲရင်
အခွင့်အရေးပေးတာတောင် အဆင့်မတက်တဲ့ Yiboက ခုချိန်မှာ အရိုင်းစိတ်တွေ ၀င်ပြီး ဘယ်အတိုင်းအတာထိ သွားမယ်မသိ။