Unicode
တစ်ကိုယ်လုံး All Black၀တ်ထားတဲ့ လူငယ်လေးက ချောမောတဲ့ မျက်နှာကိုပါ ဦးထုပ်အမဲရောင်နဲ့ ထပ်အုပ်လို့ထားတယ်။ သို့သော် ဒီလောက်ထိ မိမိုက်နေသော ထိုလူငယ်လေးနဲ့ သူအခုရှိနေတဲ့ ပတ်၀န်းကျင်အနေထားက ဘယ်လိုမှ လိုက်ဖက္မှုမရှိနေပေ။
ထူးဆန်းတဲ့အရာတွေ တစ်ခုမကရှိနေတဲ့ ဒီနေရာက လူ့ပြည်မဟုတ်ဘူးဆိုတာတော့ ကြည့်ရုံနဲ့အတပ်သိနိုင်တယ်။
မှင်အမည်းကို ရေနဲ့ဖျော်ထားသကဲ့သို့ ရေတွေဟာ နက္မှောင်လျက်ရှိတယ်။စီးဆင်းနေတဲ့ရေတွေဟာ ဘယ်အရပ်၊ဘယ်ဆီဦးတည်တယ် တိတိကျကျမသိရ။အလင်းရစေတဲ့ နေ၊လ၊ကြယ်တစ်ခုမှမရှိတဲ့ ဒီနေရာမှာ လျှပ်စစ်မီးကဲ့သို့
မီးချောင်းတွေဘာတွေလဲ မရှိပြန်ဘူး။တစ်ခုတည်းသော မီးအိမ်လေးကသာ အလင်းပေး
သည့်အရာဖြစ်သည်။မီးအိမ်လေးကို တစ်ချက်ဝေ့လိုက်သည့်အခါ မြင်လိုက်ရသည်က လှေတစ်ဆင်းသာ။တစ်ဆက်တည်း ကြောက်လန့်ဖွယ် အော်ညီးသံတွေကိုလဲ ကြားနေရတယ်။
လှော်တက်ကို ခနချလိုက်ပြီး ထိုလူငယ်လေးဟာနောက်ကို လှည့်လိုက်တယ်။6ပေလောက်ရှည်လျားလှတဲ့ လှေရဲ့ တစ်ဖက်စွန်းထိလျှောက်သွားပြီးတဲ့ခါ ထိုလူငယ်တစ်ယောက်တည်း လှေပေါ်မှာမဟုတ်ကြောင်း မျက်လုံးမှိတ်လျက် လဲနေတဲ့ သူ့ကြောင့် သိရတယ်။
ထိုလူငယ်က ဒူးထောက်ထိုင်ချလိုက်ပြီး လဲနေတဲ့သူရဲ့ မျက်နှာပေါ်ကနေ လက်ချောင်းတွေကို စက်ဝိုင်း ပုံသဏ္ဌာန်တစ်ချောင်းချင်းစီ ဝိုက်သိမ်းလိုက်တယ်။ဘာမှန်းမသိတဲ့ ရွှေရောင် အမှုန်တွေက သူ့ရဲ့ မျက်နှာပေါ် ဆင်းသက်တဲ့ခါ ထိုသူရဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခတ်ပြီး ဖြည်းဖြည်းချင်း သတိရလာတယ်။
"နိုးလာပြီလား"
"ဘယ်....ဘယ်ရောက်နေတာလဲ"
"သေဆုံးခြင်းမြစ်!"
"သေဆုံးခြင်း!! ကျွန်တော် သေပြီလို့ ပြောချင်တာလား"
ရုတ်တရက်ယိုင်သွားတဲ့ လှေတစ်ဖက်ခြမ်းကြောင့် ကြည့်လိုက်တဲ့ခါ လှမ်းဆွဲထားတဲ့ လက်ချောင်းတွေ။