Unicode
တိတ်ဆိတ်နေတဲ့ အခန်းက မှောင်မိုက်နေတယ်။
ဒီနေ့ Over Timeဆင်းရတာမို့ နောက်ကျနေတာ။၀ယ်လာတဲ့ ကြက်ကင်နဲ့ Pika Chuuကြိုက်တတ်တဲ့ စတော်ဘယ်ရီ ဒိန်ချဥ်ဘူးတွေကို စားပွဲပေါ်တင်လိုက်ပြီး မီးဖွင့်လိုက်တယ်။
"Pika Chuu!!!! Pika Chuu!!! ခေါ်နေတယ်လေ"
*အိပ်နေတာများလား*
အိပ်ခန်းတံခါးအသာဖွင့်လို့ ကြည့်တယ်။
ရေချိုးခန်းထဲလဲ ၀င်စစ်တယ်။
အရိပ်အရောင်တောင်မတွေ့ရ။
ဘယ်သွားပြန်တာလဲ အပြင်မထွက်ပါနဲ့ဆိုတာကို။ကြက်ကင်ကို ပန်းကန်ထဲပြောင်းထည့်အပြီး
စဥ်းစားမိတာက နေပါဦး သူကဘယ်သွားစရာရှိလို့လဲ။ကုန်ဆုံးလာတဲ့စက္ကန့် မိနစ် နာရီတွေအရ 1နာရီခန့်ရှိချေပြီ။စိုးရိမ်မှု ဒီဂရီအတော်မြင့်တက်လာတယ်
ကြက်ကြော်တွေလဲ အေးစက်နေပြီ။Yiboအခန်းထဲတွင် ခေါက်တုံံ့ခေါက်ပြန်လျှောက်နေတယ်။အတွေးတွေနဲ့ လူလဲ ချလပတ်ရမ်းနေပြီ။
"ထွက်သွားတာလား အာ မဟုတ်တာ သူက ဘယ်သွားစရာနေရာရှိလို့လဲ...
အဲ့တာဆို ခုကဘယ်သွားတာလဲ...
တကယ်ထွက်သွားတာများလား....
မဖြစ်နိုင်တာ သူကဘာမှတောင်မမှတ်မိတာကို..
အား!!!!!
မသိတော့ဘူးကွာ မသိတော့ဘူး!!!!!
ထွက်သွားတော့လဲ အေးတာပဲ အသုံးစရိတ်လဲ လျော့တယ် ပြောမဲ့ဆိုမဲ့သူလဲမရှိတော့ဘူး
တယောက်တည်း တစ်ကုတင်လုံးအပြည့်၀လဲ အိပ်လို့ရတယ် စတော်ဘယ်ရီဒိန်ချဥ္ဘူးတွေ
လုသောက်စရာလဲမလိုတော့ဘူး..."အတွေးအဆုံး တစ်ချက်ပြုံးလိုက်ပြီး မျက်လုံးက
ချိတ်ထားတဲ့ Coat အင်္ကျီကို လှမ်းကြည့်တယ်။"တစ်နေ့တစ်မျိုးမရိုးရဘူး Pika Chuu"
ရှာဖို့သာ ထွက်လာတာ
သူ့ဘာသူတောင် ဘယ်သူဘယ်၀ါမှန်းမသိတဲ့
သူကို ဘယ်နေရာဘယ်ဌာနမှာ လိုက်ရှာရမယ်တကယ်မသိ။
လူဆိုရင်လဲ ရဲစခန်း တိုင်ချက်ဖွင့်လို့ရသေးတယ်
အခုဟာက အရုပ်ဆိုတော့ ဘယ်သွားရှာရမလဲ..