Final

2.6K 304 199
                                    

Unicode

စောင့်ကြည့်မယ်ဆိုတဲ့ မားရဲ့စကားက သဘောမတူဘူးလို့ အဓိပ္ပာယ်မသက်ရောက်ဘူးမလား။
အဲ့တာဆို ရပြီ။ဘယ်လိုကိစ္စမဆို Yiboက ကျော်ဖြတ်နိုင်မှာကို ယုံကြည်ပြီးသား။

တစ်ခုတော့ရှိတယ် အဲ့တစ်ခုက အတော့်ကိုဆိုးဝါးပါတယ် စောင့်ကြည့်နေတဲ့ အတောတွင်းအိမ်မှာပြန်လာနေရမယ်တဲ့။

Yiboနဲ့ ရုံးသွားချိန်လေး ခွဲရတာတောင် သူ့မှာအလုပ်နည်းနည်းလေး အားတာနဲ့ ရုံးမှာ ထိုင်လွမ်းရတာကို ခုတော့ ခွဲနေရမယ်တဲ့။

မားက အရမ်းရက်စက်ပါတယ် သိပ်ကို ရက်စက်ပါတယ် မားက သူတို့နှစ်ယောက်ကြားမှာ ဗီလိန်အသည်းနှလုံးမရှိလိုက်တဲ့ မားပါ။
ခုမှချစ်သူဖြစ်ထားတာ 1လစွန်းစွန်းလေးဘဲ ရှိသေးတာကို ရက်ရက်စက်စက် ခွဲပါတယ်။

အထုပ်ပိုးသိမ်းတာတော့ သိမ်းတာပါဘဲ
အနမ်းတွေကို ပိုသိမ်းမိနေတော့တာတော့
မတတ်နိုင်ဘူး။ အင်္ကျီတစ်ထည်ထည့်တိုင်း
ခွဲခွာခြင်း အမှတ်တရ အနမ်းလေးတစ်ပွင့် ဟင့်!

ခြေလှမ်းတွေက ဧရာမ၀ိတ်တုံးထမ်းရသလိုကို လေးကန်နေတယ်။ တဖြည်းဖြည်းနဲ့ မားအိမ်ရှေ့ရောက်ပြီ တကယ်ကြီး တာတာ့လုပ်ရတော့မှာလား!

"ဖုန်းဆက်နော် ကျန်းမာရေးလဲ ဂရုစိုက်ဦး ဟို Chin Chinဆိုတဲ့တစ်ယောက်နဲ့လဲ ဝေးဝေးနေ
လွမ်းနေတော့မှာဘဲ"

"ကိုယ်လဲ လွမ်းနေတော့မှာ မခွဲချင်ဘူးကွာ ဒါမဲ့လဲ...."

"အမလေးလေး ငါ့ကို လူဆိုးမဇာတ်မသွင်းကြပါနဲ့! နင်တို့ကို ခွဲပြီးဘဲ နေခိုင်းမိတာပါဟ
နင့်Xiao Zhanကို အခန်းတံခါးသော့ခတ်ပြီး ချုပ်ထားမှာလဲ မဟုတ်သလို ညအိပ်ချိန်လေးဘဲ ပြန်လာအိပ်ခိုင်းတာ တနေကုန် တွေ့ချင်တဲ့အချိန်တွေ့နိုင်ပါတယ် သွေးတွေတက်လိုက်တာဟဲ့!!"

ရှူဆေးဘူးလေးကိုင်ပြီး သွေးတက်တယ်အော်နေတဲ့ မားက သူတို့ခံစားချက်ကို ရိုက်ချိုးတယ်
မားမကောင်းပါဘူး။

တွဲထားတဲ့ လက်တွေက အိမ်ထဲ၀င်ဖို့ ဖြုတ်ကိုဖြုတ်ရမှာတဲ့လား။ ခက်တော့တာဘဲ မဖြုတ်ချင်ပါဘူးဆို။

From My Pokemon ( Completed )حيث تعيش القصص. اكتشف الآن