Part 3

2.8K 434 188
                                    

Unicode

"အင့် ယား"

ထိုင်ခုံပေါ်တက်ဖို့ လုပ်နေတဲ့ အကောင်လုံးလေးက မြင့်နေတော့ တအင့်အင့် တအဲအဲနဲ့ ကုပ်ကပ်တက်တယ်။ကိုယ်တပိုင်းက ခုံပေါ်ရောက်ပြီး
ဖင်လုံးလေးနဲ့ခြေထောက်က မြေနဲ့မထိဘဲ
တန်းလန်းလေး ဖြစ်နေလေတယ်။

အမြင်မတော်တဲ့ Yiboကဘဲ ခုံအောက်ကျနေတဲ့ ဖင်လုံးလေးကို ပင့်တင်ပေးလိုက်တော့ ခုံပေါ်ကို အိခနဲ ရောက်သွားတယ်။

စားပွဲရဲ့ တဖက်တချက်စီမှာထိုင်လို့ Yiboက အကောင်လုံးလေးကို ကြည့်နေတယ်။အကောင်လုံးလေးက Yiboရှေ့နားက သူစားလက်စပန်းသီးလေးကို ကြည့်နေတယ်။

"မင်းကဘာလို့ ရှိနေသေးတာလဲ"

"မသွားသေးလို့"

"ဘာလို့ မသွားသေးတာလဲ"

"သွားစရာမရှိလို့"

"ဘာလို့ သွားစရာမရှိတာ"

"ဘာမှ မမှတ်မိပါဘူးဆို ပြီးမှမေးပါ..."

Yiboသူ့ကို စိတ်မရှည်သလို ပြောလိုက်တဲ့ အကောင်လေးကြောင့် မျက်ခုံးပင့်လိုက်တယ်။
Yiboမျက်ခုံးပင့်လိုက်တော့ အကောင်လေးလုံးကအသံနည်းနည်းနိမ့်သွားပြီး သူကိုက်လက်စ ပန်းသီးလေးကို လက်ညိုးထိုးပြတယ်။

"ဗိုက်ဆာလို့"

Yiboလဲ ရှေ့က ပန်းသီးကိုလှမ်းပေးလိုက်တော့
မျက်လုံးလေးလက်သွားပြီး တတိတိကိုက်စားတယ်။

"စားလို့ပြီးပြီလား"

"ခုနကလေ ရေခဲသေတ္တာထဲ စတော်ဘယ်ရီ
ဒိန်ချဥ်ဘူး တွေ့လိုက်တယ် အဲ့တာလေ..."

Yibo ခေါင်းခါရင်း ရေခဲသေတ္တာထဲ
စတော်ဘယ်ရီဒိန်ချဥ်ဘူးကို ထုတ်လိုက်တော့ မျက်လုံးလေးက ဘလင်းဘလင်းတွေကိုထလို့။

စတော်ဘယ်ရီဒိန်ချဥ်ဘူးကို သူ့ရှေ့နားမှာချပြီး ပိုက်တပ်ပေးလိုက်တော့ သူ့လက်သေးသေးလေးနဲ့ လှမ်းယူတယ်။

ပိုက်ကို တပြွတ်စ်ပြွတ်စ်နဲ့ စုပ်သောက်နေတဲ့
အကောင်လုံးလေးကိုကြည့်ပြီး Yiboကိုယ်တိုင်တောင်မသိဘဲ တချက်ပြုံးလိုက်တယ်။

From My Pokemon ( Completed )Where stories live. Discover now