Unicode
မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်လိုက်တယ်။ မ၀တ်တာကြာပြီဖြစ်တဲ့ Suitနဲ့ အင်း လူငယ်လေးတိုင်းပါဘဲ။ ထောင်နေတဲ့ ဆံပင်ကို Spayနဲ့ဖြန်းကာ ပြန်ဖိလိုက်ပြီး ချိတ်ထားတဲ့ ကုတ်ကို လွှားခနဲ ၀တ်လိုက်တယ်။
ဖိနပ်ကြိုးချည်ပြီးတာနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။ဒိန်း!!!
အား!!!!!
တံခါးနဲ့တစ်ခုခုတိုက္မိတဲ့ အသံနဲ့အတူ တစ်စုံတစ်ယောက်ရဲ့ အသံပြဲကြီးကို ကြားရလေတယ်။
"ခင်ဗျား!!"
ဖင်ထိုင်ရက်နဲ့ နဖူးကိုင်ပြီး အော်နေတာ ဟို
Xiao Zhanဆိုတဲ့လူကြီး။"အားယား တံခါးကို အားကြီးနဲ့ ဖွင့်ရလားဟ"
"ကိုယ့်တံခါးကိုဖွင့်တာလေ နေပါဦး ခင်ဗျားက ဘာလုပ်နေတာလဲ"
"ချောင်းနေတာ အဲမဟုတ်ပါဘူး အလုပ်သွားမလို့ ဖြတ်လျှောက်တာ"
"ဆင်းရမဲ့ လှေကားက ခင်ဗျား အခန်းရဲ့
ဟိုဘက်ကို လျှောက်ရတာလေ""သိပါတယ် လျှာမရှည်ပါနဲ့ မနေ့တနေ့ကမှ ပြောင်းလာတာ ဒီလောက်တော့ မှားနိုင်တာဘဲ!!
ဒါနဲ့ မင်း၀တ်စုံက အလုပ်သွားတော့မလို့လား""ခင်ဗျား တော်တော်စပ်စုတာဘဲ ကိုယ့်အလုပ်ကိုယ်လုပ်"
"ငါ့အလုပ်က မင်းဘဲဟာ"
Xiao Zhan တစ်ယောက်တည်းကြားရုံလောက်သာ တိုးတိုးလေးပြောလိုက်တယ်။
"ဘာပြောနေတာလဲ"
"ဘာမှမဟုတ်ဘူး သွားမယ်!!!"
ထရပ်လိုက်ပြီး အင်္ကျီကို ခါလိုက်ကာ ရှေ့ကနေအရင်ထွက်သွားလိုက်တယ်။
Xiao Zhan ကားသော့ဖွင့်မလို့ လုပ်ရင်းမှ
တစ်ချက်ပြုံးလိုက်ပြီး ဆန့်ကျင်ဘက်ကို
ပြေးသွားတယ်။ငှားထားတဲ့ Taxiထဲ ၀င်ပြီး တံခါးအပိတ် လက်ကို လာထိတဲ့ လက်ဖြူဖြူသွယ်သွယ်လေး
ကြောင့် မော့ကြည့်လိုက်တော့ ကျစ် လာပြန်ပြီ။"ဟေး ဟေး ဘာလို့ ၀င်လာတာလဲ"
Xiao Zhanက ကားထဲ ရောက်တာသေချာမှ တံခါးကို ဖွင့်မရတော့အောင် Lockချလိုက်တယ်။