Unicode
ရယ်လိုက်တယ်? အဲ့လောက်တောင် ပျော်စရာ
ကောင်းနေတာလား? ဒီဘက်လှည့်ကြည့်စမ်း!
ကြည့်လိုက်စမ်းပါ ငါဒီမှာထိုင်နေတယ် မြင်လားမြင်လား!အိမ်မှာနေရတာ ပျင်းနေလို့ လမ်းလျှောက်ထွက်လာတဲ့ ကိုယ့်ကိုကိုဘဲ စိတ်တိုပစ်ရမလား။
ဒီစတိုးဆိုင်မှာမှ ထိုင်ချမိတဲ့ ခြေထောက်ကိုဘဲ အပြစ်တင်ရမလား။ဒါမှမဟုတ် မျက်စိရှေ့က ရယ်ဖို့မပြောနဲ့ ပြုံးဖို့တောင် ခဲယဥ်းလွန်းတဲ့ သေနာကောင် Yiboရဲ့ ပါးစပ်နားရွက်တက်ချိတ်မတတ် ရယ်နေတဲ့ မျက်ခွက်ကြီးဘဲ ပြေးထိုးရမလား။
သောက်လိုက်တဲ့ Colaရဲ့ ဂတ်စ်က လည်ချောင်းထဲ ရှိန်းခနဲ!
အဲ့Chin Chinဆိုတဲ့ ဟာမက ညကြီးအချိန်မတော် သူများရပ်ကွက်ထဲ ဘာလာလုပ်ရတာလဲ။အလုပ်ကိစ္စဖြစ်ဦးတော့ စာရွက်လေးကစ အတူ ကြည့်စရာလိုလို့လား? ပြီးတော့ရော ဘာလို့ မျက်နှာတွေက အဲ့လောက်ကပ်နေရတာလဲ။
လူတွေနဲ့ ရင်းနှီးရတာမကြိုက်ဘူးဆိုတဲ့ အမောင်Wang Yiboရေ အခု အနေအထားက
နှစ်ယောက်သား အရမ်းကို နီးကပ်နေတယ်ဆိုတာ စဥ်းစားတွေးခေါ်တတ်တဲ့ မင်းဦးနှောက်ကြီးက သိပါသေးရဲ့လား!!လက်ထဲက Cola ဘူးလေးက သူ့ကိုထပ်မညှစ်ပါနဲ့လို့ အော်ငိုနေရှာတယ်။ ဂတ်စ်တွေနဲ့အတူ အပြင်လျှံကျလာတဲ့ ဖျော်ရည်တွေလက်ပေါ်ကျသည့်တိုင် Xiao Zhanက သူ့ဒေါသပုံချရာ Colaဘူးထံ အာရုံလုံးလုံးမရှိ။
ဖောက်ခနဲ အသံနဲ့အတူ Colaဘူးလေးဟာ ဘ၀ပျက်ရှာပြီ။
ဖက်လိုက်တယ်!!!!
စိတ်ထက် ခြေကပိုမြန်တယ် မယုံမရှိနဲ့ ။
ခြေထောက်အရှည်ကြီးတွေက ကားနှစ်စီးပြိုင်မောင်းလို့ရအောင် ကျယ်တဲ့လမ်းမကို တစ်ဖက်ကနေ အခြားတစ်ဖက်ခြမ်းကူးလိုက်တာမှ
ငါးလှမ်းနဲ့ စက္ကန့် 30ကျော်ဘဲ ကြာတယ်။ကျောပေးထားတဲ့ Yiboက ခုထိ သူ့ကို မမြင်သေးဘူးထင်ပါရဲ့။ ဟိုတစ်ယောက်ကတော့ သူတို့ကို စိုက်ကြည့်နေတဲ့ အကြည့်စူးစူးကြောင့် ကြောင်အနေတယ်။
Volumeကို မြှင့်တင်လို့ ချိုချိုသာသာ နှုတ်ဆက်လို်က်တယ်။