Unicode
မဖြစ်နိုင်တာ မဖြစ်နိုင်တာ!!
အဝါရောင် အမွှေးဖွားဖွား ဖင်လုံးလုံးနဲ့ ပိုကီမွန်လေးက ခု မျက်စိရှေ့က ကလန်ကလား
ယုန်လန်ဘားကိုကို ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ!ဖြစ်နိုင်တယ် ဖြစ်နိုင်တယ်!
Pika Chuနဲ့ နှစ်ယောက်တည်းသိတဲ့ကိစ္စတွေနဲ့အခေါ်အဝေါ်တွေကစ သူအကုန်သိနေတော့ အင်း
ဖြစ်နိုင်တယ်!Laptopပေါ်က search barလေးမှာ
"ဝိညာဥ်ပြောင်းနည်း"
"အရုပ်ကနေ လူဖြစ်နည်း"
"ရုပ်ပြောင်းရုပ်လွဲပညာ"
"မှော်!!"
"အောက်လမ်း အထက်လမ်း"
"အတိတ်မေ့နေသော သရဲ"
ဒါတွေအကုန် တစ်ညလုံး ရှာထားတယ်ဆိုတာ
ပန်ဒါမျက်လုံးက သက်သေပြနေတယ်။"ငါလား...ငါကလေ...
Pika Pika Pika Chu~~"လို့ အော်ပြီး မေ့သွားတဲ့ Xiao Zhanဟာ ဘာမှဆက္မေးမရတော့။လှေကားထစ်များတဲ့ ရပ်ကွက်ထဲ ကျောပိုးရတဲ့ ခရီးက ပင်ပန်းလွန်းတယ်။ လှေကားတစ်ထစ်တက်တိုင်း အသက်1ရက်လျော့သလို ခံစားရပေမဲ့ ကျောပေါ်က Xiao Zhanတွက်တော့
ကလေးပုခက်လွှဲပေးသလို ခံစားနေရသလားမှတ်ရအောင် တစ်ချက္မှမနိုးဘဲ အိပ်ပျော်နေခဲ့တယ်။ခုချိန်ထိဆိုပါတော့....
စားပွဲပေါ် ပါးကပ်လို့ ကုတင်ဘက်ကို
ခေါင်းစောင်းကြည့်လိုက်တယ်။
အပူပင်ကင်းချက်!ခြေကားယား လက်ကားယားနဲ့ ဖြဲကားအိပ်နေတဲ့
Xiao Zhanက ဘယ်နှဘ၀လောက် မအိပ်ထားတဲ့အားတွေ ဖြည့်နေလို့ ဒီလောက်တောင် အိပ်နိုင်ရတာပါလိမ့်။အချိန်က အရမ်းစောလွန်းနေသေးတာများလား?နာရီကြည့်တဲ့ခါ လက်တံရှည် 10ရောက်လို့ လက်တံတို11မှာရှိနေတဲ့ 11နာရီ 50မိနစ်ဆိုတဲ့ အချိန်ကာလက မစောတော့ဘူးတဲ့။
တပွက်ပွက်ဆူနေတဲ့ အသံက ပြုတ်ထားတဲ့
ပဲပင်ပေါက်ဟင်းချိုက.... အဖုံးဖွင့်လိုက်တဲ့ခါ
မျက်နှာကို လာဟပ်တဲ့ အငွေ့တွေက ထောင်းခနဲ။