Intro

8.4K 559 57
                                    

Unicode

"ကောင်လေး မင်းအတွက်စာတစ်စောင်ရောက်နေတယ်"

"စာ...ကျွန်တော့်ဆီကိုလား"

"ဒီမှာရော့!!"

ဂိတ်စောင့်ဦးလေးကြီး လက်ထဲထည့်ပေးသွားတဲ့ အဝါရောင် စာအိတ်ကိုကြည့်နေမိတယ်။

စာ....သူ့ကိုစာပို့မဲ့လူ စဥ်းစားကြည့်ရင် သူ့ကိုစာပို့ရလောက်တဲ့ထိ သိတဲ့လူက အရမ်းနည်းတယ် မဟုတ်ဘူး နည်းတာမဟုတ်ဘူး ရှိကိုမရှိတာ။

နှစ်ယောက်နေတဲ့ sorry ခုတော့တယောက်တည်းနေတဲ့ တိုက်ခန်း တံခါးကိုဖွင့်လိုက်တာနဲ့ ရှုပ်ပွနေတဲ့အခန်းကျဥ်လေးက နှုတ်ဆက်တယ်။

သက်ပြင်းတချက်ချလိုက်ပြီး အခန်းအခြေအနေကိုကြည့်တယ်။
သူမရှင်းဘဲထားတာ အတော်ကြာခဲ့ပြီ။
ပြောရရင် တယောက်သောသူထွက်သွားကတည်းကဆိုပါတော့....

လက်ထဲက ဘီယာဘူးတွေနဲ့အတူ မဖတ်ရသေးတဲ့ ဘယ်သူပို့မှန်းမသိသော အဝါရောင်စာအိတ်ကို သူ့ရဲ့တယောက်အိပ်ကုတင်ဘေးက စားပွဲပေါ်တင်လိုက်တယ်။

ရှပ်အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး TVနားက
ဘီယာဘူးခံွတွေနဲ့ ဆိုဖာပေါ်က ပုံထားတဲ့အ၀တ်တွေကို အရင်ရှင်းတယ်။

တခန်းလုံးသန့်ရှင်းရေးလုပ်အပြီး အနံ့ထွက်နေပြီဖြစ်တဲ့ အ၀တ်တွေကို လျှော်ရပြန်တယ်။မောနေပြီဖြစ်တာကြောင့် ရေချိုးပြီးတာနဲ့ အိပ်ရာပေါ်သို့သာ လှဲချပြီး အိပ်စက်လိုက်တယ်။

🎶🎶🎶🎶

ဖုန်းသံကြားရာ နေရာကို မျက်လုံးမဖွင့်ဘဲ လက်နဲ့သာဟိုစမ်းဒီစမ်းနဲ့ ဖုန်းကိုလှမ်းယူလိုက်တယ်။
ဖုန်းကိုင်လိုက်သည်နဲ့ တဖက်ကအယ်ဒီတာချုပ်ရဲ့အသံက ပြဲခနဲ။

"Wang Yibo!!!!မင်းဘယ်ချိန်မှာ အလုပ်ပြန်လုပ်မယ်လို့ စဥ်းစားထားတာလဲ!!!!"

"ကျစ် စိတ်ပါရင်"

"မင်းပြန်လာမှာကို စောင့်နေတဲ့သူတွေအများကြီးဘဲ စိတ်က ဒီတသက် ပါဦးမှာလား မင်းကို နှစ်လတောင် နားပေးထားပြီးပြီလေ %#&!*$?!/#"

"ခုတော့မပါသေးတာသေချာတယ်"

ဟိုဘက်က ပွစိပွစိတွေဆက်နားမထောင်ဘဲ ပြောပြီးတာနဲ့ဖုန်းချပြီး နာရီကြည့်လိုက်တော့ 6နာရီတောင်ထိုးနေပြီ။

From My Pokemon ( Completed )Waar verhalen tot leven komen. Ontdek het nu