Unicode
ညာဘက်က လာနေတဲ့ သူနဲ့ ဘယ်ဘက်ကလျှောက်လာတဲ့ ကျွန်တော်က အလယ်မှာ
သေချာပေါက်ဆုံတယ်။မမြင်ချင်ယောင်ဆောင်သွားတဲ့ သူက ဘေးကနေသူစိမ်းလို ဖြတ်သွားတော့ ဘာကို အလိုမကျလို့ မကျမှန်းမသိ။
Xiao Zhanသူ့ကို ရှောင်နေတာ ဒီနေ့နဲ့ဆို
တစ်ပတ်လောက်ရှိပြီ။ အမြဲနောက်ကတကောက်ကောက်လိုက်နေတတ်တဲ့ သူက ရုတ်တရက်ကြီး
စိမ်းသွားတော့ ခံရခက်သား။သွားချော့ရအောင်လဲ အမှားလုပ်ထားတာမရှိဘူးလို့ ယူဆထားတဲ့ စိတ်လေးကအရင်းခံနေပြန်တယ်။
တစ်ခုခုလိုနေသလို ခံစားချက်ကြီးက
Pika Chuပျောက်သွားတုန်းကနဲ့ ဆင်တူတယ်။
စာမလာသတင်းမကြားတဲ့ Pika Chuလဲ
ဘယ်ရောက်ဘယ်ပေါက္မှန်းမသိ။အဲ့နေ့က Xiao Zhanပြောသွားတာတွေက
ခေါင်းထဲတ၀ဲလည်လည်။ တကယ်ဘဲ သူ့ပုံစံက
Xiao Zhanအပေါ် အဲ့လိုဖြစ်နေခဲ့တာလား။Xiao Zhanကို အိမ်နီးချင်းရယ်လို့ တစ်ခါမှမတွေးခဲ့ဖူးတာ အမှန် စတွေ့ကတည်းက စပ်ဖြဲဖြဲ
ရယ်တတ်တဲ့ အဲ့လူကြီးကို အမြင်ကတ်ပေမဲ့
မသိချင်ယောင်ဆောင်ထားတဲ့ တစ်ဖက်ခြမ်းမှာ သဘောကျသလိုဖြစ်နေတာ ကိုယ့်ကိုယ်ကို
အသိဆုံး။ရင်းနှီးမိသွားရင် သံယောဇဥ်တွယ်တတ်လွန်းလို့
လူတွေ အကုန်လုံးနဲ့ ဝေးရာမှာ နေနေခဲ့တာ။
ဒါကြောင့်လဲ ခင်မင်မှုတွေလာနွယ်ရင်
မောင်းထုတ်ပစ်တတ်တာက အကျင့်တစ်ခုလို သံမှိုစွဲနေခဲ့တယ်။ဆေးသောက်ရမှာ ကြောက်လို့ ထွက်ပြေးတဲ့ကလေးငယ်လို ကျွန်တော်က စိတ်ခံစားမှုတွေကို ကြောက်လို့ ထွက်ပြေးတယ်။
Xiao Zhanက ပြောတယ်။
ကျွန်တော်က သူ့အပေါ် အခန်းကပ်ရက်အတူနေတဲ့အကိုတစ်ယောက်ထက် မပိုဘူးတဲ့။မဟုတ်ဘူးလို့ အကြိမ်ကြိမ်အော်ပြောနေပေမဲ့
လက်တွေ့မှာ တိတ်ဆိတ်နေခဲ့မိတယ်။
ကျွန်တော့်ခံစားချက်တွေ ရှုပ်ထွေးလွန်းနေတယ်။Xiao Zhanနဲ့ ကျွန်တော်စသိတဲ့ပထမဆုံးအချိန်ကနေစလို့ အခုချိန်ထိ စဥ်းစားကြည့်ရင် တိုတောင်းလွန်းတဲ့ ကာလအပိုင်းအခြားရယ်ပါ။