Unicode
"အူးဝါး စာအုပ်လေးတွေ တချိန်လုံး စားပွဲပေါ်မှာဘဲ နေရတာ ပျင်းလောက်ရောပေါ့ ကဲကဲ စိတ်ထားကောင်းတဲ့ ငါလေးက ကြမ်းပြင်ပေါ်အလည်ပို့ပေးမယ်နော်"
ခြေထောက်ကို ခုန်ဆွခုန်ဆွလုပ်ရင်း စားပွဲပေါ်က
စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်ဖင်နဲ့တိုက်ချပစ်တယ်။ဝုန်း!!!!!
"အမလေး!!"
"ဘာဖြစ်လို့လဲ"
"တခုခုကျတဲ့အသံမကြားလိုက်ဘူးလား"
အသံက အတော်ကျယ်ပေမဲ့ အလုပ်လုပ်နေရင် ကျန်တာ အာရုံမရှိတဲ့ Yiboကတော့ မကြားပါဘူး။
"အင်း"
အခန်းမီးခလုတ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်က ဆင်းလိုက်တယ်။အခန်းက အပေါ်နားမှာ ပြတင်းပေါက်လို မှန်အကြည်ပါတော့ အထဲက မှောင်သွားတာကို Chin Chinမြင်လိုက်တယ်။
"Editorက တယောက်တည်းနေတာ မဟုတ်ဘူးလားဟင်"
"ဟုတ်တယ်လေ"
"ဒါဆို အခန်းထဲက မီးကဘယ်လိုပိတ်..."
"အလုပ်လုပ်ဖို့ လာတာဆို အလုပ်ကိုဘဲ အာရုံစိုက်ရင် ကောင်းမယ် မဆိုင်တာတွေ
မမေးရင်ကောင်း...."🎶🎶🎶🎶
Bossဆီက ဖုန်း၀င်လာတာမို့ Yibo
Corridorဘက်ထွက်ခဲ့လိုက်တယ်။Pika Chuတယောက် စားပွဲပေါ်က ဓာတ်မီးကိုယူရင်း ကြမ်းပြင်ပေါ် ဆင်းလိုက်တော့ သူတိုက်ချထားတဲ့ စာအုပ်တွေ ခလုတ်တိုက်လဲတယ်။
"အောင့်မလေးဗျ အဲ့တာကြောင့် မားမားက ပြောတာ သူများ မကောင်းကြံတာ မကောင်းဘူးတဲ့"
ပြန်ကုံးထလိုက်ပြီး လက်ကိုသေချာခါလိုက်တယ်။
"ဒါမဲ့လဲပေါ့နော်...စရုံလောက်လေးနဲ့တော့
မကောင်းကြံမှု မမြောက်ဘူးမလား"တံခါးလက်ကိုင်ကို ခုန်ဖွင့်လိုက်တယ်။
"အာဟ တချက်ဘဲကွ!!!"
လော့ချထားတဲ့တံခါးက ဖြည်းဖြည်းချင်းပွင့်လာတာမို့ တကျွီကျွီနဲ့မိနေတယ်။Chin Chin
တယောက် နည်းနည်းတော့ လန့်နေပြီ ခုနကတည်းက Yiboမကြားရဘဲ သူချည်းကြားနေရတဲ့အသံတွေကြောင့်ရောပေါ့။