Part 17

2.1K 327 110
                                    

Unicode

မူးနောက်နောက်ခေါင်းက အမြင်အာရုံကို
ဝေဝေဝါးဝါးဖြစ်စေတယ်။
မျက်စိရှေ့က အလုံးကြီးက ဘာမှန်းမသိ လက်နဲ့ဟိုဒီလျှောက်စမ်းတော့ ခေါင်းမဟုတ်လား??

"အား!!!ငါ့မျက်စိ!"

နိုးနိုးချင်း မျက်လုံးနှစ်လုံးကို လက်ချောင်းနဲ့
အထိုးခံကြည့်ဘူးလား စောက်ကျိုးနဲ ကန်းပြီ
ထင်ပါရဲ့!

"ခင်ဗျား!"

"ငါမင်းကို သတ်မယ် ငါ့မျက်လုံး!"

"ရ...ရရဲ့လား"

"ရမရ ငါမျက်လုံးဖွင့်လို့ရရင် မင်းကို ပြန်ထိုးပေးမယ်"

"နေဦး နေဦး လိမ်းဆေးရှိတယ်"

"အား!! ပူစပ်စပ်ကြီး ပိုဆိုးသွားပြီဟ! ဘာလိမ်းပေးလိုက်တာလဲ"

ဝေဝါးနေတဲ့ မျက်စိကို မနည်းပြူးပြဲလို့ လိမ်းဆေးဘူးကိုကြည့်တယ် ဟိုက်!

"ပရုတ်ဆီ..."

"ဘာ!!! ကန်းပြီးကန်းပြီ မားမားသားလေးတော့ သောက်လုံးကန်းပြီ!"

နီရဲလာတဲ့ မျက်ခမ်းစပ်နဲ့အတူ ဖွင့်မရတဲ့ မျက်လုံးကနေ မျက်ရည်တွေ စီးကျလာတယ်။

ရေ! ဟုတ်တယ် ရေနဲ့ဆို အဆင်ပြေလောက်တယ်။
ရေခဲသေတ္တာထဲက ရေခဲရေသွားယူလို့ Yiboက
ငုံ့နေတဲ့ Xiao Zhanခေါင်းကို ဆွဲမော့လို့ လောင်းချလိုက်တယ်။

ဒယ်အိုးထဲက ငါးလေးတစ်ကောင်ဟာ အသက်ကို မနည်းရှူလို့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေချိန် သနားပါတယ်ဆိုပြီး ရေလောင်းထည့်လိုက်တော့ ဖွင့်ထားတဲ့ မီးနဲ့ရေတွေ့ပြီး ငါးလေးခမျ ရှဲခနဲ
စွပ်ပြုတ်ဖြစ်သွားသတဲ့။

အခု Xiao Zhanအဖြစ်က ငါးလေးလိုပင်။
စူးခနဲ ထွက်လာတဲ့ "Wang Yibo!"ဆိုတဲ့ အော်သံက 7ထပ်တိုက်တစ်ခုလုံးကို တုန်ခါပစ်လိုက်သလိုဟိန်းခနဲ။

"ညနေလောက်ဆို ရောင်တာ ကျသွားလိမ့်မယ်
မျက်လုံးက ဒီတစ်ရက်တော့ သေချာမမြင်ရလောက်ဘူး မနက်ဖြန်လောက္မှ..."

"တစ်ရက်ကန်းရမယ် ပြောတာလား"

"အမ် ကန်းတယ်လဲ မဟုတ်ဘူး သေချာမမြင်ရလောက်..."

From My Pokemon ( Completed )Where stories live. Discover now