Unicode
ဆောင်းလေက အေးတယ်။
နှင်းတွေက ဖွေးတယ်။
Wang Yiboက ချစ်တယ်တဲ့။တကယ်လား နှစ်ကယ်လား မမေးတော့ပြီ။
အဖြေကိုပြန်ကာ ပေးလိုက်တော့မည်။
ငါလည်းဘဲ ချစ်ပါသည်။ဘဲမရှိတွေ အဝေးကိုသွား!
Faလေးတွေ ထိုင်ကာငေးကြ...
ဒါဟာ Rsပိုင် နယ်မြေ!အသွင်တူမှ ကြင်သူဖြစ်ဆိုသလို အဖြေပေးပြီး
နှစ်ဦးသဘောတူ ချစ်သူအဖြစ်သတ်မှတ်လိုက်တဲ့ အချိန်လေးအတွင်း Xiao Zhan ဟာ Yiboဆီက
ကူးစက်ခံလိုက်ရတဲ့ ရောဂါရှိတယ်။ရောဂါ? ရိုးရိုးရောဂါမဟုတ်ဘူး ကုမရတဲ့ ရောဂါ!
ဘာလဲဆို ဖင်ခေါင်းထဲဆင်ခေါင်း၀င်လို့ရတဲ့
ဖင်ခေါင်း Satr တဲ့ ရောဂါ!!!နဂိုဓာတ်ခံက ငါသည်သာ အချောဆုံးဘွဲ့ခံ
ယူထားတဲ့ Xiao Zhanဟာ ခုချိန်မှာ သူ့၏ ဥစ္စာဓာန၊ရူပါအပြင် နောက်ထပ်ကြွားစရာ ချစ်သူအချောလေးကို ရခဲ့ပြီလေ။ခနလေးတွင်းမှာတင် Yiboဟာ Xiao Zhanအပိုင်ပါဆိုသည့်အကြောင်းကို အခုနေနေတဲ့ 6ထပ်တိုက်တစ်ခုလုံး သိပြီးသွားပြီဖြစ်သည်။
အပိုပြောတာမဟုတ် အတည်ဆိုတဲ့စကားပါ။
5နှစ်လုံးလုံး ဒီရပ်ကွက္မှာ Wang Yiboဆိုတာ နေကြမှန်းမသိလောက်အောင်ကို တည်ငြိမ်လွန်းတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်ထားသူ။ခုတော့ လေနဲ့အတူ လွင့်လို့ ဘယ်ရောက်သွားမှန်းမသိတဲ့ ဂုဏ်ပုဒ်လေးရယ်ပေါ့။
အခန်းတံခါးမှာ "ပိုင်ရှင်ရှိသည်မကျူးကျော်ရ"
လို့ လာမကပ်ထားတာဘဲ တော်သေးတယ်ပြောရမယ်။ချစ်သူစဖြစ်ကတည်းက Xiao Zhanရဲ့ အခန်းလေးဟာ ဟိုးအရင်ကလို လူမနေတဲ့အခန်းပမာ ပြန်ဖြစ်သွားတော့တယ်။
ကိုယ့်အခန်းကို မေ့နေတဲ့ သူက Xiao Zhanဆို
သတိပေးပြီး ပြန်နှင်လွှတ်ဖို့စိတ်ကူးမရှိသူက Yiboသာဖြစ်သည်။နိုးနိုးချင်း ဆက်တဲ့ဖုန်းသံကြောင့် Xiao Zhanမနိုးအောင် Silent အမြန်လုပ်ပြီး ကိုင်လိုက်တယ်။
"Hello!"
"Yi...Yiboလား..မားပါ"
ဘယ်လိုဘဲ ကိုယ့်အပေါ် မကောင်းဘူးဆိုဆို
အမေဟာ အမေဘဲလေ။
မင်္ဂလာဆောင်ကို မသွားခဲ့ပေမဲ့ လန်ဒန်ကို
အပြီးသွားတော့မှာမို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်သင့်တယ်လို့ တွေးလိုက်တယ်။ ဘယ်လိုပဲမကောင်းဘူးဆိုဆို အမေဟာ အမေပါဘဲလေ။