Unicode
မနက်ခင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ စဥ်းစားမိတာ
ပြန်အိပ်ဖို့ပါဘဲ။အိပ်ရာအပြောင်းလဲမို့ အိပ်မရတာတွေဘာတွေXiao Zhanရာဇ၀င်မှာ မရှိပါဘူး။
ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တဲ့
လူစားမျိုးထဲမှာ Xiao Zhanထိပ်ဆုံးက။ထမြည်လာတဲ့ Alarmကနေ အကြိုက်ဆုံး
သီချင်းသံက အခန်းတွင်းပျံ့လွင့်လို့နေတယ်။
အကြိုက်ဆုံးသီချင်းလဲ Alarm ထားလိုက်တဲ့အချိန်မှစပြီး ခါးခါးသီးသီးကို မုန်းတယ်။Xiao Zhanတွက်တော့ ဒီလို တနင်္လာနေ့ဟာ
ကိုယ်တိုင်ရေး ပြက္ခဒိန်မှာ ပြဿဒါးနေ့ဘဲ။အိပ်မှုန်စုတ်ဖွားဖြစ်နေမှုဟာ ဖွင့်ချလိုက်တဲ့ ရေပန်းက ရေစက်တွေကြောင့် အေးခနဲဖြစ်သွားမှဘဲ မျက်လုံးပွင့်တော့တယ်။
အဝတ်ခေါက်တာ ကျွမ်းကျင်သူဖြစ်တာကြောင့်
ဗီဒိုထဲမပြောင်းရသေးသော ခရီးဆောင်အိတ်ထဲက ထိုးထည့်ထားတဲ့ အ၀တ်တွေကြားထဲ Suitကို 15မိနစ်ကြာအောင် ရှာရလေတယ်။အခန်းထဲက ထွက်လာတာနဲ့ နေရာမချရသေးတဲ့ ပစ္စည်းတွေကို ကျော်ခွာဖြတ်ကျော်ရတယ်။
အခန်းသော့ခတ်တဲ့ခါ စဥ်းစားမိတာက
Wang Yibo။ နာရီကို တချက်ကြည့်လိုက်တော့
သူရုံးသွားတဲ့ချိန်။ခုထိမနိုးသေးတာလား အတွေးထက် လက်က တံခါးကိုခေါက်ပြီးနေပြီ။တော်တော်နဲ့ပွင့်မလာတဲ့ တံခါးကြောင့် သွားပြီထင်ပါရဲ့။
လှည့်အထွက္မှာ တံခါးဖွင့်သံနဲ့အတူ မျက်လုံး တစ်ဖက်သာဖွင့်ရင်း အိပ်ချင်မူးတူးဖြစ်နေတဲ့ Yiboကိုတွေ့ပြီး အံ့သြသွားတယ်။
"ခုထိ အလုပ်မသွားသေးဘူးလား"
Yiboက မျက်လုံးကို ပွတ်လိုက်ရင်း
ပြန်ပြောတယ်။"မသွားဘူး"
"နေမကောင်းဘူးလား"
"ဘာလုပ်တာလဲ!"
နဖူးပေါ်ရောက်နေတဲ့လက်ကို ဖယ်ထုတ်ရင်း Yiboက စူးစူးရှရှအော်တယ်။
"ကိုယ်လဲမပူပါဘူး အပေါက်ဆိုးတဲ့ ဘိုးတော် Bossက ဆူလိမ့်မယ် သွားသွား ခုအင်္ကျီသွားလဲလိုက်ပါ အလုပ်သွားမယ်"