Part 13

2.3K 370 140
                                    

Unicode

မနေ့က စာတစ်စောင်ရောက်လာတယ်။
စာထဲက အခေါ်အဝေါ်အရ Pika Chuဆိုတာ သေချာတယ်။

(ဘာစာလဲ မမှတ်မိရင် Introပြန်ဖတ်ကြည့်ပါ)

နှုတ်ဆက်စကားနဲ့ မှတ်မိသေးလားဆိုတဲ့
အမေးအပြင် ဘယ်မှာနေတယ်....
ဘာကြောင့်ထွက်သွားတယ်.... မရေးထားခဲ့ဘူး။

တိုတိုတုတ်တုတ်နဲ့ရေးထားတဲ့ ခပ်စောင်းစောင်းလက်ရေးလေးကို ပြန်ဖတ်မိတာ အခေါက်ခေါက်အခါခါ။

နှုတ်ဆက်စကားက ခွဲခွာဖို့မဟုတ်ဘဲ ပြန်လာဖို့အဓိပ္ပာယ်သက်ရောက်နေတယ် ဒါမဲ့လဲ
မရေရာမသေချာပါဘူး။ စောင့်ရမယ့် တာ၀န်ပေးသွားခဲ့ပြီမို့ စောင့်နေရတော့မယ်ဆိုတာတော့
သိတယ်။

ဘေးဘက်ခန်းက ဒုန်းခနဲ အသံကစူးစူးရှရှ။
လူမနေတာကြာပြီဖြစ်တဲ့ အခန်းဘက်က အသံကြားရတယ်ဆိုတော့ တစ်ယောက်ယောက်
၀ယ်လိုက်တာလား။

ကိုယ့်ကိစ္စမှမဟုတ်ဘဲနဲ့ မတွေးတော့ပါဘူးဆိုပြီး
နေနေရာကနေ တချိန်လုံး ကိုယ့်အခန်းကို ပစ္စည်းတွေက လာလာတိုက်နေတယ်။

ရှုပ်လာတဲ့ စိတ်က ဒေါသအဖြစ် ပြောင်းခါနီးပြီ။အိမ်ပြောင်းပါတယ်ဆို ဒီလောက်ကတော့ သည်းခံရမှာဘဲဆိုပြီး  နားထဲ နားကြပ်တပ်ကာ သီချင်းနားထောင်နေလိုက်တယ်။

ထူးထူးဆန်းဆန်း မအိပ်ဖြစ်တာကြာပြီမို့လား
မသိ သီချင်းတငြိမ့်ငြိမ့်နဲ့ လုံး၀အိပ်ပျော်သွားတယ်။

အိမ်မက္ထဲမှာ Pika Chuကို တွေ့တယ်။
အဝါရောင် ​အမွေးဖွာဖွာနဲ့ ဖင်လုံးလေးကို
ပြေးဖက်လိုက်ပြီး ပွေ့လိုက်တယ်။

ဒါမဲ့.....ဒါမဲ့ ပွေ့လိုက်တဲ့ ဖင်လုံလေးက ခါတိုင်းလို အိစိအိစိလေးမဟုတ်ဘဲ လူ့အသားတုံးလေးလို ကျစ်ကျစ်လုံးလုံးလေး။

နောက်တစ်ချက်က တဖြည်းဖြည်း စမ်းကြည့်တော့ အတော်ရှည်နေတာဘဲ တကယ်ပါ
ကိုယ့်ထက်ကို ရှည်နေတာ နည်းနည်းနောနောကြီးမဟုတ်။

ကိုယ်ကို ပြန်ခွာပြီး ကြည့်မယ်အလုပ် သတိထားမိတာ ကိုယ်က သူ့ရင်ခွင်ထဲတောင်ရောက်နေသလားဘဲ အဲ့တာပြောတာပေါ့ ရှည်လွန်းတယ်
ဆိုတာ တကယ့်ကိုရှည်လိုက်တဲ့အရပ်ကြီး။

From My Pokemon ( Completed )Where stories live. Discover now