Unicode
"Pika Pika Pika Chu~~"
"ဘာ Pika ဘာ ဘာကြီး"
"Pika Pika Pika Chu~"
"ဟေးဟေး ငါ့နားသိပ်မကပ်နဲ့ မင်း မင်းက သရဲလား"
"မသိဘူး ဘာဆိုဘာမှကိုမမှတ်မိတာ ငါနိုးလာတော့ ပထမဆုံးမြင်လိုက်တာ ဒီpokemonခန္ဓာကိုယ်ရယ် မင်းအခန်းရယ် ပြီးတော့....မင်း!!"
"ဟေးဟေး ငါ့အနားမကပ်လာနဲ့လို့ 3ပေအကွာက စကားပြောပါ"
"ဟွန့်!!!"
"အိမ်တခုလုံး ပွလန်ကြဲနေတာပဲ"
"ဟဲဟဲ တခုခုများ မှတ်မိမလားလို့ နည်းနည်းလေးတူးဆွကြည့်တာ"
စပ်ဖြီးဖြီးလုပ်နေတဲ့ အကောင်လေးကို ပြောမလို့လုပ်တုန်းဘဲ ရှိသေးတယ် မျက်စိထဲ၀င်လာတဲ့ အရာတခုကြောင့် ရင်ဘတ်ထဲဆစ်ခနဲ။
"Daddy ကလေးလေး!!!!"
ဟုတ်ပါတယ် ခြစ်ရာကြီးမှ နည်းတဲ့ခြစ်ရာကြီးမဟုတ်ဘူး ဒါ ဒါ ဟိုသရဲကောင်!!!!!
"မင်းလက်ချက္မလား!!!"
"ဘာကလဲ"
"ဒီမှာလေ!!!!"
ကြောင်တောင်တောင်ကြည့်ပြီး ပြန်မေးနေတော့ လက်ထဲက အမြတ်တနိုးတယုတယနဲ့ နေ့တိုင်းဖုန်သုတ်ပြီး အလှကြည့်နေကျ Daddy ကလေးလေးကို ပြလိုက်တယ်။
"အဲ....""မင်း ငါ့အိမ်ထဲက ခုထွက်သွား!!!!!"
"ငါ့ကိုလွှတ် လွှတ်လို့ပြောနေတယ်လေ ဘုတ်"
ငါ့ကို ခန္ဓာကိုယ်သေးတယ်ဆိုပြီး ဒါသက်သက်အနိုင်ကျင့်တာ ခုနက ဂုတ်ကနေဆွဲတယ် ခုလဲ ပစ်ချပြန်ပြီ။
ဒိန်း!!!
ပြုတ်ကျပြီး နောက်လှည့်ကြည့်တော့ ပိတ်လိုက်တဲ့တံခါးကြောင့် စွံ့အသွားတယ်။