Unicode
ပါးစိတ်နဲ့ ထွက်ချလာတာ ဆေးရုံကို ဒီပုံစံနဲ့ ဘယ်လိုသွားရမယ် Pika Chuတကယ် မကြံတတ်။
ခုတော့Yiboတိုက်ခန်းရှေ့နားမှာ ကြောင်လည်လည်နဲ့ဖြစ်နေပြီ တကယ်ဘဲ ပါးဆီကိုသွားကြည့်ချင်တယ်။
အတွေးတွေနဲ့ ခေါင်းရှုပ်နေတုန်း ဖြတ်ခနဲမြင်လိုက်ရတဲ့ အရိပ်တစ်ခု ဒါ ဟိုနတ်ဘုရားမလား။
"ကောင်းကောင်းနေခဲ့ပါ..."
"နှုတ်ဆက်စရာရှိတာ နှုတ်ဆက်ပြီးရင် သွားမယ်"
"အင်းသွားတော့မယ် ဘိုင့်"
နတ်ဘုရားရဲ့ ဆန့်ကျင်ဘက်ကို ပြေးသွားတဲ့ Pika Chu။
"ဘယ်သွားမှာလဲ လမ်းက ဒီဘက္မှာ!!"
"ဟင့်အင်း ပြန်မသွားဘူး Yiboနဲ့ဘဲ နေခဲ့မယ်"
"ကျစ်!!! မင်းခန္ဓာကိုယ်ရှိသေးတယ် မင်းပြန်သွားရမယ် မဟုတ်ရင် ပျောက်ကွယ်သွားလိမ့်မယ်"
"အော် ပျောက်ကွယ်လိုက်ပါ့မယ် အဲ့ရှုပ်ထွေးလွန်းတဲ့ Dramaလို ဇာတ်ထဲ ငါပြန်မသွားချင်ဘူး
တကယ်ဆို ငါပျောက်သွားလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ""ပြန်မသွားဘူးဆိုတာ သေချာပြီလား ပြီးမှနောင်တမရနဲ့နော်"
"အင်း နောင်တမရပါဘူး"
အဲ့နေ့က သူ Yiboကိုရွေးချယ်ပြီး ပြန်သွားဖို့ငြင်းဆန်ခဲ့တယ်။
"ဝေ့!!!"
"ဘယ်သူ...အာ ဟိုကောင်လေး ဘာလဲ စိတ်ကူးပြောင်းသွားပြီလား"
"မပြောင်းပါဘူး ဒါနဲ့ တခုလောက်ကူညီလို့
ရမလား""အိုးဟိုးဟိုး လာပြန်ပြီ ဒီနေ့တော့ငါလေး အခမဲ့ကူညီပေးရမဲ့ ကံရှိတယ်ထင်ပါ့"
"ပါးဆီလိုက်ပို့ပေးလို့ရမလား"
"ပါး??? မင်းရဲ့ပါးကိုပြောတာလား"
"အင်း ကူညီပေးပါ"
"စိတ်မကောင်းပေမဲ့ ဘယ်လိုလုပ်မလဲ
ငါကိစ္စလေးရှိသေးတယ်""လုပ်ပါ တကယ်အကူညီလိုအပ်လို့ပါ"
"အားယား ကူညီရင်ဘာရမှာမို့လို့လဲ"