Unicode
"သွားဖို့ အချိန်ကျပြီ Xiao Zhan"
"Pika Chu!!!!! ခေါ်နေတယ် မကြားဘူးလား
ကောင်စုတ်လေးရဲ့!!!! ဘယ်မှာလဲ"Xiao Zhanလက်လှမ်းဖို့ လုပ်လိုက်တဲ့ချိန် ဘယ်က ထွက်လာမှန်းမသိတဲ့ Yiboအသံက ဟိန်းခနဲ။
"တော်တော် ဒုက္ခပေးတဲ့ အရုပ်စုတ် ရှာလို့
တွေ့ကြည့်စမ်း!!!!!""ဟားဟား ဒီဒေါသအိုးက ငါ့ကို လာရှာသားဘဲ"
"Xiao Zhan သွားမယ်လေ"
"အင်း..."
Xiao Zhanနောက်ကို ခေါင်းလှည့်ကြည့်ရင်း ပြောလိုက်တယ်။
"ကောင်းကောင်းနေခဲ့ပါ..."
Yibo တကယ်မောနေပြီ ဘယ်နားမှာ ရှာရှာဘယ်လိုမှမတွေ့ လူလဲ တကိုယ်လုံး အမှိုက်နံ့ထောင်းထောင်းထနေပြီ။
စိတ်ပျက်လက်ပျက်နဲ့ ဖြဲရှာထားတဲ့ အမှိုက်ပုံအလယ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ကားစက်နှိုးတဲ့အသံကြားတာကြောင့် ကြည့်လိုက်တော့ အရုပ်တွေတင်ထားတဲ့ ကား။
Yibo အဝါရောင် အလုံးလေးကို မြင်လိုက္မိတာကြောင့် ပြေးလိုက်တယ်။
ကားနဲ့လူဘယ်လိုမှမမှီနိုင်တော့ နောက်ဆုံးကျန်ခဲ့တာပါဘဲ။"Pika Chu!!!"
"ခစ်ခစ်..အဟစ်ဟစ်"
ရယ်သံကြားတာကြောင့် နောက်လှည့်ကြည့်တော့ လက်သေးသေးလေးနဲ့ပါးစပ်ကို အုပ်ရင်း တခစ်ခစ်ရယ်နေတဲ့ Pika Chu။
"မင်း!!!!!"
"ခစ် ခစ် မင်းခေါင်း ဟားဟား!!! မင်းခေါင်းပေါ်မှာ...ဟားဟား"
Pika Chuကြောင့် ကိုယ့်ခေါင်းကို လက်နဲ့ စမ်းလိုက်တော့ အိစိစိနဲ့ ချွဲကျိကျိ အရာနဲ့ထိမိတယ်။
"ငင့် ငှက်ပျောခွံကြီး!!!!"
သူဖြစ်ပျက်နေတဲ့ပုံကိုကြည့်ရင်း
မြေပေါ်ပါ လှဲချပြီး ဟိုဘက်လှိမ့်လိုက်
ဒီဘက်လှိမ့်လိုက်နဲ့ အားရပါးရကို ရီနေတဲ့အကောင်လုံးလေး တကယ်ဘယ်လိုဟာလေးလဲ။"ဟားဟား မင်း ပုံစံက အမှိုက်ပုံထဲမှာနေတဲ့ မြေကြွက်ကြီးကျနေတာပဲ ဟားဟား!!"