Unicode
ဖုန်းပြောပြီး အခန်းထဲပြန်၀င်မလို့ လုပ်တုန်း Bossက ဒါလေးတချက်ကြည့်ပေးဆိုပြီး ပေးသွားတဲ့ အလုပ်တွေအထပ်လိုက်။
အကုန်လုံးပြီးပြီဆိုမှ ကလေးနဲ့ Pika Chuကိုထားခဲ့တာ သတိရတယ်။
အခန်းထဲသွားကြည့်တော့ ကလေးရော ပြန့်ကျဲနေတဲ့ အရုပ်တွေရော Pika Chuပါမရှိ။"Boss ကလေးရော.."
"သူ့အဖေနဲ့ အမေ ခုနက ပြန်ခေါ်သွားပြီလေ မတွေ့လိုက်ဘူးလား"
"လာသွားတယ်လား မမြင်လိုက္မိဘူး"
အခန်းထဲပြန်၀င်လာပြီးမှ စဥ်းစားမိတယ် ကလေးက ပြန်ခေါ်သွားတယ်ဆို
Pika Chuကရော။စားပွဲအောက် တံခါးနောက် ပန်းအိုးအောက် အံဆွဲထဲ အကုန်လိုက်ရှာပြီးသကာလ ဘာမှာမှ ရှိမနေတော့ စိတ်ကပူရပြန်တယ်။
စိတ်ကောင်းရှိတဲ့သူဆိုတော့ "ကိုယ့်လက်ကလွတ် ဗလွတ်ဆိုပြီး" ပြီးပြီးရော မထားလိုက်နိုင်ပြန်။
နောက်ဆုံးအရုပ်အိတ်ထဲ ပါသွားတာဘဲ ဖြစ်နိုင်မယ်လို့ စဥ်းစားပြီး Bossဆီက လိပ်စာတောင်းပြီး လိုက်ရတယ်။"လိပ်စာအရဆိုရင် ဒီအိမ်ဘဲ"
အိမ်ထဲ လှမ်းကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့ ဦးလေးကြီးတယောက်လက်ထဲမှာ ဟိုအရုပ်အိတ်နဲ့။
အမြန်ပြေးသွားလိုက်ပြီး လက်ဆွဲလိုက်တော့ ကြောင်တောင်တောင်နဲ့ပြန်ကြည့်လာတယ်။
"အိတ်လေး တချက်လောက်ကြည့်လို့ရမလား"
"ကျွန်တော့်အိတ်ကို ဘာလို့"
"အဝါရောင် အမွှေးဖွာဖွာ ဖင်လုံးလုံးနဲ့ Pokemonအရုပ်ကို တွေ့မိသေးလား"
"အဝါရောင်..အမွေးဖွာဖွာ..ဖင်လုံးလုံးနဲ့ Pokemon အရုပ်....အာ သိပြီ ခုနက ရုံးခန်းထဲမှာ အိတ်ထဲနောက်ဆုံးကောက်ထည့်လိုက်တဲ့ အရုပ်"
"အဲ့တာ ကျွန်တော့် အရုပ်ပါ မှားပါသွားရင် ပြန်ပေးပါ"
"အဲ့တာကြောင့်အဲ့လိုအရုပ်မျိုး မ၀ယ်ဖူးပါဘူးလို့..."
"ဘယ်၀ယ်ဖူးမလဲ ကျွန်တော့်အပိုင်ပါဆို ပြန်ပေးပါ!!"
"ပြန်တော့ ပေးချင်ပါတယ် ဒါမဲ့...."