Part 6

2.4K 375 83
                                    

Unicode

" Pika Chu !!! "

အော်သံကြောင့် Driver က လှည့်ကြည့်တော့ Yiboအသံကိုတိုးလိုက်တယ်။

"ဟဲဟဲ"

"ဘယ်ကဘယ်လို ငါ့အိတ်ထဲက ထွက်လာ အာ ခိုးလိုက်လာတာပေါ့လေ"

"ဟဲဟဲ"

"တယောက်ယောက်တွေ့ရင် ဘယ်လိုလုပ်မလဲ"

"မတွေ့အောင် မင်းကူညီရင်ရတာဘဲကို တကယ် ငြိမ်ငြိမ်လေးနေမှာပါ"

ဟူး~~

လွယ်အိတ်ကခုနက လွယ်လာတုန်းက မသိသာပေမဲ့ ခုတော့ Pika Chuပါတယ်ဆိုတာ​ကြောင့် သိသိသာသာကို လေးလာသလို။

"ရုံးရောက်ရင် ငြိမ်ငြိမ်နေ"

"ဟုတ်"

"Boss ကျွန်တော်ရောက်ပြီ"

"အေး ရော့!!!"

ရောက်ရောက်ချင်း လက်ထဲကို ကလေးတယောက်နဲ့ ဆာလာအိတ်တစ်လုံး လာပေးတဲ့Boss။

"ဒီကလေးက..."

"ငါ့တူမရဲ့ ကလေး ဒီနေ့သူတို့လင်မယားက လျှောက်လည်ချင်လို့တဲ့"

"အဲ့တော့..."

"ငါ့ကိုအပ်ခဲ့တာ ထိန်းပေးစမ်းပါ"

"Bossကိုအပ်ခဲ့တာ Bossက ထိန်းပေါ့"

"3ရက်ဆက်တိုက် အချိန်ပိုဆင်းချင်လား"

"မဆင်းချင်ဘူး"

"ထိန်းလိုက်!!"

*သောက်ဘိုးတော်ကြီး တကယ်ကို ခုမှ လူပျိုနုနုထွတ်ထွတ်လေးကို 1နှစ်ခွဲလောက် ရှိသေးတဲ့ ပိစိညှောင့်တောက်ကလေး လာထိန်းခိုင်းနေတယ် တသက်လုံး FAဘ၀နဲ့အရိုးဆွေးပြီး နောက်ဘ၀မှာလဲ မစွံပါစေနဲ့*

"အီးဟီး မားမား မားမား!!"

"ဟေး မငိုနဲ့လေ"

"မားမား မားမား ဟင့်"

Yiboထိုင်လို့မရ ထိုင်လိုက်တာနဲ့ ထထငိုတဲ့ကလေးကြောင့် ခြေထောက်တွေလဲ ကျင်လှပြီ။
Yiboဆာလာအိတ်ကိုဖွင့်လိုက်တော့ အထဲက အရုပ်တွေ။

Spider Manအရုပ်ကို ယူပြီး ပြလိုက်တော့ ကလေးက ချက်ချင်း ရီတယ်။

အိတ်ထဲက ၀က်ဝံရုပ်တွေရော ဘာဘီရုပ်ရော ရှိသမျှအရုပ်အကုန်ထုတ်ပြီး ကလေးထိန်းနေရတယ်။

From My Pokemon ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin