EP 3

4.6K 447 3
                                    

နန်း ထိုမိန်းကလေးထွက်သွားတာကို မြင်ကွင်းထဲမှ
ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိသည်
မြင်ကွင်းထဲကပျောက်ကွယ်သွားတာတောင် နန်းရဲ့
မျက်လုံးထဲ သူမကိုသာမြင်ယောင်နေမိသည်
နန်းအတွေးများနဲ့လွင့်မြောနေစဉ်မှာပဲ

'မောင်စဝ်ခွန် စောင့်နေရမှာစိုးလို့ အစောထွက်
လာလိုက်တာ '
သူကြီးနဲ့အတူ လူနှစ်ဦးရောက်လာသည်

'ရပါတယ်ဗျ ကျုပ်တို့ကျောင်းဘက်သွားရအောင်'
နန်းပြောရင်းကျောင်းဘက်ကို လျှောက်လာလိုက်
သည် လမ်းလျှောက်နေရင်း သူကြီးနဲ့အတူပါလာတဲ့ နှစ်ယောက်ထဲတွင် ဦးဝင်းဆိုသူ နန်းသိသည်
နောက်တစ်ဦးကို နန်းမသိတာကြောင့်

'သူကြီး သူကြီးအဖော်တွေကစိတ်ချရပါတယ်နော်'

'စိတ်ချရပါ အဲ့အတွက် မောင်စဝ်ခွန် စိတ်မပူလဲရပါတယ်'

သူကြီးက ကျောင်းထဲသို့ခေါ်လာပြီး ကျောင်းထိုင်ဆရာတော်နဲ့ မိတ်ဆက်ပေးလေသည်
'အရှင်ဘုရား ဒါကစကားပြန်အသစ်ပါဘုရား'

'သြော်အေးအေး စကားပြန်သာပြောတာ
အသက်ကငယ်သေးသကိုး ရုပ်ရည်ကလဲခန့်သား
တိုင်းရင်းသားလားကွဲ့'

'တင်ပါ့ဘုရား တပည့်တော်က ရှမ်းစော်ဘွားမျိုးနွယ်
ကပါဘုရား'

နန်းအကြောင်းမသိသေးတဲ့သူကြီးက
'ဟာ မောင်စဝ်ခွန်က စော်ဘွားမျိုးနွယ်ထဲကလား
အဲ့တာဘာလို့ စကားပြန်လုပ်ရတာတုန်း'

'အကြောင်းလေးတွေဖန်လာလို့ပေါ့သူကြီးရယ်'

ကပ္ပိယကြီးမှ
'အရှင်ဘုရား ဆွမ်းအဆင်သင့်ဖြစ်ပါပြီဘုရား
ဆွမ်းဘုန်းကြွပါဘုရား'

' ဆွမ်းဘုန်းလိုက်ဦးမယ်ကွဲ့ အချိန်မစောတော့ဘူး'

'တင်ပါ့ဘုရား'

ဆရာတော်ဘုရားဆွမ်းဘုန်းဖို့ထွက်သွားတာနှင့်
နန်းကပဲ

'သူကြီးနဲ့ ဦးကြီးတို့ ဟိုဘက်သွားရအောင်'
ကျောင်းရဲ့ ချောင်ကျတဲ့နေရာလေးမှာ လူစုလိုက်ပြီး

'သူကြီး ဒီညနေရောက်မဲ့ မာစတာအဖွဲ့က ဘာလို့ ဒီကိုလာသလဲ သိလား'

အသုံးတော်ခံWhere stories live. Discover now