Ep10

4.3K 391 1
                                    

အသုံးတော်ခံ အပိုင်း ( ၁၀ )

(နှင်းဦး ခကိုစိတ်ပူလို့လာကြည့်တာပေါ့
မငိုပါနဲ့ နှင်းဦးရယ်
နှင်းဦးကိုထပ်ပြီးအသုံးမချချင်တော့တာမို့
ဖြစ်သမျှကို ခ ခံယူပါ့မယ်
ခဘာမှမဖြစ်လို့စိတ်မပူနဲ့နော်)

တစ်ဖက်တွင် နန်းနှိပ်စက်ခံနေရတာကိုကြည့်ရင်း
မျက်ရည်ကျနေတဲ့နှင်းဦး

(နှင်းဦးနဲ့အတူရှိနေတာလို့ပြောလိုက်ပါတော့လား
ဘာလို့နှိပ်စက်တာခံနေရတာလဲ
နှင်းဦးရင်တွေကွဲတော့မယ် ခရယ်
နှင်းဦးသာအတင်းပြန်မလွှတ်ခဲ့ရင်
ခ အဲ့လိုဖြစ်မှာမဟုတ်ဘူး
နှင်းဦးကြောင့်ပါ နှင်းဦးကြောင့်)

----------------------------------------
နန်းကို ရက်ရက်စက်စက် ထိုးနှက်နေဆဲမို့
နန်းနှုတ်ခမ်းမှသွေးများကျနေပြီး အင်္ကျီတစ်ခုလုံးလဲ
သွေးများဖြင့်ရဲရဲတောက်နေသည်
ထိုမြင်ကွင်းကိုမြင်နေရတဲ့ နှင်းဦးအဖို့
ရင်တစ်ခုလုံးကျေမွနေသည်သာ

'အဘ ခ ကိုကယ်ပါဦးအဘရယ်
ခ နဲ့ နှင်းဦးကမေတ္တာမျှနေကြတာပါ
နှင်းဦးရဲ့ ရင်တွေနာကျင်လွန်းလို့သေတော့မယ်'
နှင်းဦးပြောရင်းငိုနေသည်မို့ ဖခင်ဖြစ်သူမှာ ဘာလုပ်
ရမယ်မသိတော့

'သမီးရယ် အခုအချိန်မှာ စကားပြန်အသစ်ကိုမျှော်ဖို့ကလွဲပြီး
ဘာမှမတတ်နိုင်တော့ဘူး
သမီးဆက်ကြည့်နေရင်
ခံစားနေရမှာ အိမ်ပြန်ရအောင်နော်
မောင်စဝ်ခွန်လဲ သမီးကြည့်ပြီးငိုနေတာမြင်ရင်
သူပိုခံစားရလိမ့်မယ်လေ'

နန်းကို တစ်နေကုန်နေပူထဲတွင်ထားထားမို့
ပျော့ခွေနေသည်

နန်း ဆုံးဖြတ်ခဲ့တဲ့အရာမို့အဆုံးထိသည်းခံပါမည်

ညနေစောင်းအချိန်သို့ရောက်လာသည် နန်းအားမရှိ
တော့ပါ နှင်းဦးလဲသူကြီးအိမ်ဘေးတစ်နေရာမှ နန်း
ကိုစောင့်ကြည့်နေသည်

မကြာခင်မှာပဲ မြင်းခွာသံတချို့ထွက်ပေါ်လာသည်
အားလုံးကြည့်လိုက်တော့ စကားပြန်ဟုထင်ရသူနှင့် ဂျပန်စစ်သားတချို့

သူတို့အားလုံးသူကြီးအိမ်မှာရပ်လိုက်ကြပြီးခြံထဲ အမြန်ဝင်လာကြသည် ထိုသူက နန်းကို တစ်ချက်ကြည့်လိုက်ပြီးမာစတာနဲ့စကားသွားပြောသည်
ကျန်လူများမှနန်းကို ချည်နှောင်ထားတဲ့ကြိုးများကို ဖြေပေးပြီး ခုံပေါ်ထိုင်စေသည်
နန်းကိုကယ်မည့်သူပေါ်လာတာမို့ နှင်းဦးမျက်နှာ
လေးဝင်းခနဲဖြစ်သွားသည်
ရွာသားများကတော့ဘာမှန်းမသိတာမို့အားလုံး
ကြောင်ကြည့်နေကြသည်

အသုံးတော်ခံWhere stories live. Discover now