'ငါမယုံဘူး ငါ့မျက်လုံးနဲ့မြင်ရမှငါယုံမှာ'
(နေမခ ပြောတာတွေမဟုတ်ပါစေနဲ့လို့ပဲ
ဆုတောင်းရပါမည်)သွားကြည့်စရာမလိုအောင် ခနဲ့အိုင်အွန်တို့
နှင်းဦးဆီအရောက်လာခဲ့ကြပါတယ်။ ကြားထဲက နေမခ ကိုပဲအပူကပ်ရတာမို့ နေမခကပဲ နှင်းဦးအိမ်ကိုသွားပြီး'အစ်မ ကိုစဝ်ခွန်က အစ်မနဲ့တွေ့ချင်လို့တဲ့
ရွာထိပ်မှာစောင့်နေတယ်''ခရောက်နေတာလား ဘာလို့အိမ်မလာတာလဲ'
'ရောက်နေတယ် သူယူမဲ့ကောင်မလေးလဲပါတယ်
အိမ်ကိုမလာလောက်တော့ဘူး အဘတို့ကိုမျက်နှာ
ပူလို့ထင်တယ် အစ်မပဲသွားတွေ့လိုက်တော့
လာ ငါအဖော်လိုက်ခဲ့မယ်'နေမခ အပြောကိုနားထောင်ရင်း နှင်းဦးရင်တွေ
ပူနေပါပြီနှင်းဦးလျှောက်လာရင်း ရှေ့မလှမ်းမကမ်းမှာ လက်တွဲထားသော စုံတွဲကိုကြည့်ရင်း မျက်ရည်များက မျက်ဝန်းထဲကနေ စမ်းရေပမာ စိမ့်ထွက်ကျဆင်းလာသည်
(တကယ်ပဲ နှင်းဦးမျက်လုံးနဲ့တွေ့ရပါပြီ ခပါပဲ
ခရယ် လုပ်ရက်လိုက်တာ ရှင်ရဲ့အရာရာကို
သိနားလည်နေတဲ့ နှင်းဦးကဘယ်လိုယုံကြည်ရမှာလဲ)ကျဆင်းနေတဲ့မျက်ရည်တို့ကိုသုတ်ရင်း
'ခ အခုနှင်းဦးတွေ့နေရတာတွေက တကယ်ပဲလား
ခ ပါးစပ်ကပြောတာနားထောင်ချင်တယ်'နောက်ပစ်ထားတဲ့လက်မှလက်သီးကိုကျစ်ကျစ်ပါ
အောင်စုပ်ထားရင်း'အခု နှင်းဦးမြင်နေတာ အမှန်တွေပါ
ခ နန်းနဲ့မကြာခင်လက်ထပ်ကြတော့မှာ
အဲ့တာကြောင့် ခ နှင်းဦးကိုလာနှုတ်ဆက်တာပါ'(နန်းတဲ့လား အိုင်အွန့်ကို နန်းလို့တောင်ခေါ်နေတာလား)
မျက်ရည်တွေကသူ့အလိုလိုမျက်လုံးအိမ်ထဲပြည့်
လာပြန်သည် နှင်းဦးအံကြိတ်အားတင်းရင်း'ခ ဘာအခက်အခဲရှိလို့လဲ နှင်းဦးတို့အတူတူဖြေရှင်း
ကြမယ်လေ'နှင်းဦးရဲ့မျက်ဝန်းတွေကိုကြည့်ရင်း ခအားမရှိတော့
ပါ ခအိုင်အွန့်ဘက်လှည့်ပြီး