အသုံးတော်ခံ EP1

16.6K 584 4
                                    

နှင်းဦးကတစ်ဦးတည်းသော သမီးဖြစ်ပြီး မိဘတွေက ကုန်သည်မျိုးရိုးတွေပါ မိဘတွေ ကုန်တိုက်သွားချိန်
ဆို နှင်းဦးက မိဘတွေအတွက် ချက်ပြုတ်ပေးပြီး
အလုပ်နှင့်ပတ်သတ်လျှင် ကုန်စာရင်းစစ်ချိန်မှသာ
နှင်းဦးကိုခိုင်းလေ့ရှိသည်

ဒီနေ့ နှင်းဦးမိဘတွေကုန်တိုက်သွားကြသည်မို့
ပြန်လာလျှင်အသင့်စားရအောင် အိမ်နောက်ဖေး
မီးဖိုခန်းထဲ ချက်ပြုတ်နေသည်

'ဟဲ့ နှင်းဦး အရီးတို့ရော'

အရပ်တကာမှသတင်းအစုံရသော နှင်းဦးသူငယ်ချင်း
လေး အေးဘုံမရောက်လာပါပြီ နာမည်နဲ့လိုက်အောင်
ဘုံအဆင့်ဆင့်မှ သတင်းကိုအတင်းပြောသူ ခုလဲ ဘာ
သတင်းတွေသယ်လာလဲမသိတာမို့

'ပြောစမ်းပါဦးအေ ဘယ်ကဘာသတင်းတွေပါလာသလဲလို့ အမေတို့က ကုန်တွေသွားသယ်တယ် '

'ညည်းကလဲအေ သူငယ်ချင်းဆိုလို့ ငါပဲရှိတာကို
ငါ့ဆိုပြောဖို့ပဲ'

'မဟုတ်လို့လား ဘာသတင်းတွေပါလာပြန်ပြီလဲ'

'ဒီနေ့က သတင်းထူးဟ သူကြီးအိမ်ကကြားလာတာ
မကြာခင်ငါတို့ရွာကို ဘိလပ်ပြန် စကားပြန်တစ်ယောက်လာမယ်တဲ့တော့ ငါတော့တွေ့ဖူးချင်တယ်'

'ငါတော့ မတွေ့ချင်ဘူး အေးဘုံ ကိုယ့်ဗမာလူမျိုးကို
အဲ့လိုလူတန်းစားတွေ အရမ်းမုန်းတယ် အရင်စကား
ပြန်တုန်းက မုဆိုးမပါ မကျန်တဏှာထပြီး ရွာကို
ပြဿနာရှာသွားတာလေ'

နှင်းဦးပြောသမျှကို အေးဘုံမထောက်ခံသည်
'အဲ့တာတော့ဟုတ်တယ် ငါကရုပ်မလှတော့ ကိစ္စမရှိဘူး နင်ပဲသတိနဲ့နေ နှင်းဦး နင်ကရွာမှာအချောဆုံးအလှဆုံးလေးလေ'

'ဟဲ့ မြှောက်ပြောမနေပါနဲ့အေ ငါလက်ဖက်နဲ့ အကြော်ဆံထည့်ထားပါတယ်
လာ ရေနွေးလေးနဲ့စားရအောင်'

အေးဘုံမ စားသောက်ကာ အရပ်တကာမှ အတင်းကို
ပါးစပ်မှမနားစတမ်းပြောပြီး ပြန်သွားလေသည်

'သမီးရေ'
နှင်းဦးအမေပြန်ရောက်လာသည် နှင်းဦးကိုအော်ခေါ်
နေတာမို့ အမြန်ထူးလိုက်ပြီး သွားကြိုလိုက်သည်

အသုံးတော်ခံWhere stories live. Discover now