အသုံးတော်ခံ အပိုင်း ( ၇ )
နန်းကိုခေါ်သွားတာကို နှင်းဦးကြည့်ပြီး စိတ်မကောင်း
ဖြစ်ရသည်ငုဝါလည်းကြည့်ရင်း
'နှင်းဦး ခွန်ကလေ နင့်ကိုတကယ်မေတ္တာမျှနေတာ
ထင်တယ်''နှင်းဦးမသိတော့ဘူးငုဝါရယ်
သူလုပ်ရပ်တွေကြောင့် သူ့ကိုအရမ်းမုန်းတယ်''သူက လူကောင်းပါ နှင်းဦးရယ် အဲ့တာကိုငုဝါသိနေတယ်
တခါတလေ သူ့လုပ်ရပ်က ငါတို့တွေးမရပေမဲ့
ငုဝါစိတ်ထဲမှာတော့ သူကလူကောင်းတစ်ဦးပဲ ''ထားလိုက်ပါငုဝါရယ် တို့တွေသွားကြမယ် မကြာခင်
မှောင်တော့မယ်လေ'နှင်းဦး တစ်လမ်းလုံး ခွန့်အကြောင်းကို စဉ်းစားနေမိ
သည် ခွန်ပြောခဲ့တဲ့စကားကိုပဲ ကြားနေမိသည်(နှင်းဦးထင်ထားသလို လက်ဆွဲစကားပြောတာမျိုး
ရမ်းကားတာမျိုး မဟုတ်ပဲ ရှင်က ကလေးလေးလို ငိုနေတာလားခွန်
နှင်းဦးကို အသွေးအသားထဲက ချစ်ရတယ်တဲ့လား
ရှင့်ကိုချစ်တဲ့ မမကရော ဘယ်သူလဲ
နှင်းဦးအတွက်မေးခွန်းတွေချည်းပါပဲလား)'အားး ကျွတ် ကျွတ်'
နန်း အိပ်ယာကနိုးတာနဲ့ ခေါင်းတွေမူးနောက်နေသည်
ဒါပေမဲ့ နန်းအကုန်မှတ်မိနေပါသည် သူမ နန်းကိုတွန်း
ထုတ်လိုက်တာ နန်းကိုအရမ်းမုန်းနေတာ တွေးရင်း
(နန်းရင်တွေနာလိုက်တာ နှင်းဦးရယ် နန်းအဲ့လိုကြီး မခံစားဖူးဘူး လူတွေပြောတဲ့ အချစ်က နာကျင်ရ တယ်ဆိုတာ ဒီလိုခံစားချက်လား တွေးလိုက်တိုင်း ရင်ထဲကစူးနေတယ်)ထပ်အိပ်နေရင် ခေါင်းပိုနောက်လာမှာမို့ နန်းထပြီး
ရေချိုး ကိုယ်လက်သန့်စင်လိုက်တယ်
နန်းအားလုံးပြီးတော့ နကြီးက ထမင်းစားပွဲပေါ်မှာ ဆန်ပြုတ်ပြင်ထားပေးသည်'နကြီး ငါ့အတွက်လားကွ'
နကြီးခေါင်းငြိမ့်ပြသည်
နန်း မကြိုက်ပေမဲ့နကြီးရဲ့စေတနာကိုအသိအမှတ်
ပြုရမှာမို့ ဆန်ပြုတ်တစ်ပန်းကန်ကိုကုန်အောင်စား
လိုက်သည်ခနကြာတော့ နကြီးစာတစ်စောင်ယူလာသည်
'ဟာ နကြီးညက နောင်ခမ်းကြီးလာသွားတာလား'