ကိုညိုကြီး နန်းရှိတာသိပြီမို့ စိတ်တော့အေးသွားမှာပါ
နကြီးကိုခေါ်ကာ သူကြီးအိမ်မှပြန်ခဲ့လိုက်သည်
အပြန်လမ်းနန်းစိတ်ထဲမလုံသလိုဖြစ်လာတာမို့'နကြီး ငါတို့နောက်လူလိုက်တယ်ထင်တယ်'
ပါးနပ်လွန်းလှတဲ့ နကြီးမှ အသာအယာလေးခေါင်း
ငြိမ့်ပြပြီး လက်မှခြေဟန်လက်ဟန်ဖြင့် သူကြီးအိမ်
မှအပြန်လိုက်လာသည်ဟုလုပ်ပြနေသည်နန်းတို့သူကြီးအိမ်ထဲဝင်တာ သိသွားတာပဲ ဒီလူကို
ဖမ်းမှဖြစ်မည်
'နကြီး သူ့ကိုဖမ်းမယ်'ကျွမ်းကျင်လှသော နကြီးမှ ဘေးခြုံထဲသို့အသာတိုး
ဝင်သွားသည် နန်းတစ်ယောက်ထဲဆက်လျှောက်နေ
လိုက်သည် နန်းနောက်ကိုလိုက်လာနေသော ဒီလူကို
နကြီးမှနောက်မှပြန်ပိတ်လိုက်သည်
နန်းတစ်ယောက်ထဲဖြစ်သွားမို့ ထိုလူကပြန်အလှည့်
နကြီးနှင့်ထိပ်တိုက်တွေ့ကာ နကြီးဘာအခက်အခဲ
မရှိပဲ အသာလေးဖမ်းလိုက်သည်
နန်းနောက်ပြန် ပြန်ပြေးလာပြီး ထိုလူရဲ့နှာခေါင်း
စည်းကိုဖယ်လိုက်တဲ့အခါ မိန်းကလေးတစ်ဦးပင်'ဟင် မင်းကမိန်းကလေးတစ်ယောက်ပဲ
မင်းဘာလို့ငါတို့နောက်လိုက်ချောင်းနေတာလဲ''ကျွန်မ ကိုညိုကြီးဆီလာတာ ရှင် ကိုညိုကြီးနဲ့
ဝင်တွေ့နေတာတွေ့လို့ ရှင့်နောက်လိုက်လာတာ''ဒီမှာ ကြာကြာနေလို့မရဘူး မင်းငါတို့နဲ့လိုက်ခဲ့'
နန်းတို့ထိုမိန်းကလေးကို အိမ်ခေါ်လာခဲ့ပြီး
'မင်းကဘာလဲ ညိုကြီးနဲ့ဘယ်လိုပတ်သတ်တာလဲ'ထိုမိန်းကလေးမှ မျက်ရည်ကျလာပြီး
'ကိုညိုကြီးက ကျွန်မအစ်ကိုပါ ကျွန်မအစ်ကိုကို
မသတ်ပါနဲ့နော် ကျွန်မတို့ကမောင်နှမ နှစ်ယောက်
ထဲရှိတာပါ''မင်းမိန်းကလေးဖြစ်ပြီး တစ်ယောက်ထဲမကြောက်
မလန့်နဲ့ ဂျပန်တွေတွေ့ရင် မင်းဘာဖြစ်သွားမယ်
ထင်လဲ''သက်ထားမှာဒီအစ်ကိုပဲရှိတာပါ
သက်ထားကယ်မှဖြစ်မာလေ''နောက်တစ်ခါအဲ့လိုမလုပ်နဲ့ကြားလား
ခင်ဗျားအစ်ကို ကိုညိုကြီးကို
ကျုပ်တို့ပစ်မထားပါဘူး '
