EP14

3.8K 332 3
                                    

နှင်းဦး  ခရဲ့ရင်ခွင်ထဲကနေ နှုတ်ခမ်းလေးကိုလှမ်း
နမ်းလိုက်ပြီး
'ရှင့်ကိုချစ်တယ် '

'ခလည်းအရမ်းချစ်တာပါ'

ခ သူမအရမ်းချစ်တာမို့ ရှေ့ဆက်ရမဲ့ခရီးကိုတွေးရင်း ဘာမှန်းမသိတဲ့ ကံကြမ္မာတွေးပြီးကြောက်မိတယ်
ရင်ခွင်ထဲထည့်ထားတဲ့ နှင်းလေးကိုတောင်
သတိမထားမိပဲ ခသက်ပြင်းချလိုက်မိတယ်

နှင်းဦး ခ စိတ်ပင်ပန်းနေတာသတိထားမိတာကြောင့်

'ခ ဘာတွေစိတ်မောနေတာလဲ နှင်းဦးကိုပြောပြလေ'

'စိတ်ညစ်ရတာတွေမသိချင်ပါနဲ့ ခအချစ်လေးရဲ့'

(ရှင်ကလေ နှင်းဦးကိုဆို ဘယ်တော့မှ မပွင့်လင်းဘူး
ရှင့်ကိုစကားလာပြောတဲ့မိန်းကလေးလောက်တောင်
ရှင့်အကြောင်းမသိရဘူး)

နှင်းဦးစိတ်ဆိုးသွားတာကြောင့် ခရင်ခွင်ကနေထွက်
လိုက်ပြီး ခကိုကျောပေးလိုက်သည်

နှင်းဦးချက်ချင်းတစ်ဖက်လှည့်သွားတာကြောင့်

'ဘာလဲ နှင်းလေးက ခ မပြောပြလို့
စိတ်ကောက်သွားတာလား '

'မကောက်ပါဘူး နှင်းဦး ပင်ပန်းနေလို့
အိပ်တော့မယ်နော်'

ခ နှင်းဦးကိုနောက်ကျောကနေဖတ်ထားလိုက်ပြီး
ခေါင်းလေးကိုနမ်းလိုက်သည်

'အဲ့တာဆို အိပ်တော့နော်'

မနက်လင်း နှင်းဦးဘေးကိုကြည့်လိုက်တော့
ဘေးနားမှာ ခ မရှိတော့ နှင်းဦးချက်ချင်းထလိုက်ပြီး
ခကိုရှာနေမိသည် နှင်းဦးရှာနေတုန်းမှာပဲ ခ အခန်း
တံခါးဖွင့်ပြီးအထဲကိုဝင်လာသည်

' ခ '

နှင်းဦးကြည့်လိုက်တော့ ရှမ်းဝတ်စုံဝတ်ထားတဲ့ ခ
နဂိုထဲက အသားကဖြူ ရုပ်ချောချော ခုရှမ်းဝတ်စုံ
နဲ့ခေါင်းပေါင်းပါပေါင်းထားတာမို့ အရမ်းကိုချော
လှနေသည်
ကိုယ်မှာတစ်ဆောင်းလွယ်ထားတဲ့လွယ်အိတ်နဲ
ခါးတွင်ချိတ်ထားသော ဓားတို့ကြောင့် ယောက်ျား
ပီသနေသလို ခန့်ညားနေပြန်သည်

'ဟိတ် ကို့ကို ကြည့်နေတာရပ်သင့်ပြီကလေးမလေး
ရေချိုးတော့သွား ပြီးရင် ဝတ်ဖို့ဝတ်စုံကို ခပေးမယ်'

အသုံးတော်ခံWhere stories live. Discover now